NEWS

ထိုင်းရောက် MoU လုပ်သားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်မှု ရန်ကုန်ပြန်လာရန်မလိုအပ်တော့

CoverLogo
572 Views
 
ထိုင်းနိုင်ငံအတွင်း PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး MoU ​စနစ်ဖြင့်ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားများအနေနဲ့ နိုင်ငံကူးလက်မှတ် ၂ နှစ်နှင့်အထက်သက်တမ်းကျန်ရှိပါက သက်တမ်းတိုးဆောင်ရွက်မှုကို ယခင်ကကဲ့သို့ ရန်ကုန်မြို့အထိ ပြန်လာရန်မလိုအပ်တော့ဘဲ One Stop Servie စနစ်ဖြင့်ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။
 
အဆိုပါ လုပ်သားတွေဟာ Covid -19 ရောဂါ ဖြစ်ပွားမှုများကြောင့် ဘန်ကောက်ရှိမြန်မာသံရုံးနဲ့ ချင်းမိုင်ကကောင်စစ်ဝန်ချုပ်ရုံးမှာ သက်တမ်းတိုးဆောင်ရွက်ကာ ထိုင်းနိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေကြရတာဖြစ်ပြီး ယခုအခါမှာတော့ မြဝတီမြို့နှင့်ကော့သောင်းမြို့ တို့၌ One Stop Service စနစ်ဖြင့် စက်တင်ဘာ ၉ ရက်တွင်စတင် ပြုလုပ်ပေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက စက်တင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ပါတယ်။
 
ယခုအခါ သက်တမ်းကုန် MoUအလုပ်သမားတွေအနေနဲ့ ရန်ကုန်မြို့အထိဝင်ရောက်လုပ်ဆောင်ရန်မလိုဘဲ မြဝတီမြို့နှင့်ကော့သောင်းမြို့တို့၌ One Stop Service လုပ်ငန်းအဖွဲ့ဖြင့် တစ်ရက်လျှင် မြဝတီမြို့၌ မြန်မာလုပ်သား၇၀၀ ခန့်အားလည်းကောင်း၊ ကော့သောင်းမြို့၌ အလုပ်သမား၃၀၀ ခန့်အားလည်းကောင်း နေ့ချင်းပြီး U-Turn ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
 
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူများက စက်တင်ဘာ၅ရက်နေ့က U-Turn ကိစ္စအတွက် အစည်းအဝေးပြုလုပ်ခဲ့ပြီး ထိုင်းအလုပ်ရှင်က အလုပ်ခေါ်စာနှင့်အလုပ်သမားအမည် စာရင်း ပူးတွဲ၍ ထိုင်းနိုင်ငံ၏ နယ်မြေအလုပ်သမားရုံးသို့ တင်ပြခြင်း၊ နယ်မြေအလုပ် သမားရုံးမှ ထိုင်းအလုပ်အကိုင် ဌာနသို့ ပေးပို့ခြင်း၊ ထိုမှတဆင့် ထိုင်းအလုပ်အကိုင်ဌာနမှ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ပေးပို့ခြင်း၊ မြန်မာအလုပ်သမား သံအရာရှိရုံးကစိစစ်ခြင်း ၊ ယင်းနောက် ထိုင်းအလုပ်အကိုင်ဌာနသို့ ပြန်လည်ပေးပို့ခြင်း (နေပြည်တော်သို့ ပို့ဆောင်ရန်မလို)စတဲ့ အချက်၅ချက်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အလုပ်ရှင်ကထိုင်းအလုပ်အကိုင်ဌာနတွင် Work Permit လျှောက်လွှာတင်ခြင်း၊ ငွေသွင်းခြင်း၊ ပြန်လည်ဝင်ရောက်ရမည့် နယ်စပ်ဂိတ်သတ်မှတ်ပေးခြင်း၊ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ပြန်ပို့ခြင်း၊ အလုပ်သမားအေဂျင်စီနှင့် အလုပ်သမားများက မြဝတီ၊ သို့မဟုတ် ကော့သောင်းမြို့တို့ရှိ One Stop Service ရုံးသို့သွားရောက်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ OWIC ကတ် ထုတ်ပေးခြင်း၊ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဗီဇာရယူခြင်းတို့ကိုလည်း ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
 
အထက်ပါလုပ်ငန်းစဉ်များက အလုပ်ရှင်၊ အလုပ်သမားအေဂျင်စီများက လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်​ဖြစ်ပြီး MoU လုပ်သားများက ၃ ရက်၊ သို့မဟုတ် ၄ ရက်သာ အချိန်ပေးခြင်းဖြင့် U-Turn လုပ်ငန်းစဉ်ကို အချိန်တို/ငွေကုန်ကျမှု သက်သာစွာဖြင့် နယ်စပ်မြို့ နှစ် မြို့၌ပင် ပြီးမြောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်သလို ပိတ်သိမ်းခံလိုက်ရတဲ့အေဂျင်စီ ကုမ္ပဏီများက ပို့ဆောင်ထားတဲ့ MoU လုပ်သားများကတော့ အလုပ်ရှင်နှင့် MoU လုပ်သား၏ သဘောဆန္ဒအတိုင်း အခြားကုမ္ပဏီတစ်ခုသို့ အမည်သွင်း၍ U-Turn ပြုလုပ်နိုင်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026