NEWS

ထိုင်းရောက် CDM ဝန်ထမ်းများကို CI စာအုပ် ထုတ်မပေး

CoverLogo
401 Views
 
ထိုင်းရောက် နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စ ကို မြန်မာသံရုံးက ပြုလုပ်ပေးရာမှာ CDM ပြုလုပ်ထားတဲ့ သူတွေ ကို စာအုပ် ထုတ်မပေးဘူးလို့ ထိုင်းရောက်မြန်မာလုပ်သားတွေထံမှ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်းက အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ် ပြုလုပ်ပေးပြီး နိုင်ငံကူးလက်မှတ် မရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ကို ဖေဖေါ်ဝါရီ ၁၇ရက်က စပြီး ထိုင်းနိုင်ငံအတွင်း စင်တာ ၄ခု နဲ့ မိုဘိုင်း တစ်ခု ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
CIစာအုပ် ပြုလုပ်တဲ့အခါ မှာ မြန်မာလုပ်သား အချို့ ကို စစ်တပ်အာဏာသိမ်းကာလ က ပြည်တွင်းမှာ CDM လှုပ်ရှား မှု မှာ ပါဝင်မှုရှိမရှိကို သေချာစစ်ဆေးပြီး အမည်စာရင်း ပါရှိပါက CIစာအုပ် ပြုလုပ်မပေးဘူးလို့ CIပြုလုပ်ပေးသည့်အကျိုုးဆောင် တွေထံမှ သိရပါတယ်။
 
"စစ်ဆေးတာတော့တော်တော်ဆိုးတယ် အဝင်၀ မှာကို ဆိုးတာ အထဲမှာ ကိုယ်ရေးအချက်အလက် စစ်ဆေးလို့ CDM နာမည်စာရင်းပါနေရင် လုပ်မပေးဘဲ ပြန်လွှတ်လိုက်တယ် ဟိုလို ဖမ်းတာ ဘာညာတော့မရှိဘူး စာအုပ် ထုတ်မပေးတာမျိုးတို့ အခြား CIစင်တာ တွေကို ဒီလူဟာ CDMဖြစ်လို့ စာအုပ်ထုတ်မပေးဖို့ စာရင်းပေးပို့တာလောက်ဘဲရှိတယ်""လို့ CIစာအုပ်ပြုလုပ်ရန် အကျိုးဆောင်ပေးသူတစ်ဦးကပြောပါတယ်။
 
အခုလို CDM မြန်မာလုပ်သားတွေကို CI စာအုပ် ပြုလုပ်ခွင့်မပေးတာကြောင့် စာအုပ်ပြုလုပ်ဖို့ ကြိုတင်သွင်းထားရငွေ တွေ ဆုံးရှုံးတာတွေရှိသလို ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့် လည်း မရရှိဘူးလို့ ထိုင်းရောက် မြန်မာလုပ်သားတွေကပြောပါတယ်။
 
"တချို့ပွဲစားတွေကတော့ တစ်ဝက်ပြန်ပေးတယ် တချို့လည်းပြန်မပေးတာတွေရှိတယ် စစချင်း လုပ်တဲ့ရက်မှာကို CDM. မို့ လုပ်မရသူအတော်များတယ် တချို့ CIလုပ်ဖို့ တင်ထားတဲ့ CDM သမားတွေလည်း မလုပ်ရဲတော့ဘူး""လို့ မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
လတ်တလောမှာ CDM မြန်မာလုပ်သားတွေ အနေနဲ့ CIစာအုပ် လျှောက်ထားတာ ကို ပြုလုပ်ရန် စိတ်ဆန္ဒမစောဘဲ အခြေနေ စောင့်ကြည့် ဖို့ကို လည်း အကျိုးဆောင်ပေးသူတွေနဲ့ ထိုင်းရောက် မြန်မာလုပ်သားအရေးဆောင်ရွက်ပေးသူတွေကပြောပါတယ်။
 
"အခုက စလုပ်ပေးချိန်လဲ ဖြစ်တော့ စစ်ဆေးမှုကြမ်းတာတွေ ရှိမယ် အချိန်အခါကြည့်ပြီး မိမိကိုယ် လုပ်ပေးမယ့် ပွဲစားကို လည်း CDMဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောထား ဒါမှ အထဲမှာ ကျော်လို့ရအောင် ပွဲစားက လုပ်ပေး နိုင်ရင် လုပ်ပေးလိမ့်မယ် မဟုတ်လို့ စစ်ဆေးမှ ပေါ်ရင် သွင်းထားငွေတွေဆုံးရှုံးတာမျိုး ဖြစ်နိုင်တယ်""လို့ CIပြုလုပ်ပေးတဲ့အကျိုးဆောင်တစ်ဦးကပြောပါတယ်။
 
CIစာအုပ် ဆိုတာဟာ နိုင်ငံကူးလက်မှတ်မရှိတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အတွက် ခရီးသွားလာ နိုင်တဲ့ လက်မှတ်အဖြစ် ထုတ်ပေးတာ ဖြစ် ပြီး CIစာအုပ်ရှိမှသာ အလုပ်လုပ်ခွင့်ဗီဇာ (Non LA)ကိုထည့်သွင်း၍ ထိုင်းနိုင်ငံအတွင်းတရားဝင် ခရီးသွားလာခွင့်ရရှိမှာဖြစ်ကာ စာအုပ်သက်တမ်းဟာ ၄နှစ် ရှိတယ်လို့သိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026