NEWS

ထိုင်းမှာ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်မှုနဲ့အလုပ်သမား ၂၀၀၀ ကျော်ဖမ်းဆီးခံရ

CoverLogo
643 Views
 
ထိုင်းနိုင်ငံမှာဝင်ရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ လုပ်ကိုင်ခွင့်မရှိဘဲ တားမြစ်ထားတဲ့ အလုပ်လုပ်ကိုင်မှုကြောင့်အလုပ်သမား၂၀၀၀ ​ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
 
" ထိုင်းနိုင်ငံသားတွေပဲလုပ်ကိုင်ခွင့်ပေးထားတဲ့အလုပ်တွေကို နိုင်ငံခြားသားတွေကိုပေးမလုပ်ဘူး။ တားမြစ်ထားတယ်။ ခုကအများစုက ကယ်ရီမောင်းတာ၊ စျေးရောင်းတာ ဆံပင်ညှပ်ဆိုင်ဖွင့်တာတွေ ဒါတွေအဖမ်းခံရတာများတယ်။ ​မြန်မာတွေကအများဆုံး ပါတယ်။ သူကနှစ်ထောင်ကျော်က အခြားနိုင်ငံသားတွေပါအပါ။ မြန်မာက ထက်ဝက်မကဘူးပါတာ။ ဖမ်းဆီးတာကလည်းဆက်တိုက်ပဲ" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။
 
ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အကိုင် အမျိုးအစားတွေကို ထိုင်းအစိုးရကဥပဒေအရ ကန့်သတ်ထားတာဖြစ်ပေမဲ့ အဲ့ဒီလုပ်ကိုင်ခွင့်မပြုထားတဲ့အလုပ်လုပ်ကိုင်တွေကိုပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး ယခုလအောက်တိုဘာလ ၂ ရက်အထိ ​လေးလတိတိလိုက်လံဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား ၂၀၆၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။
အဆိုပါ ၂၀၆၃ ဦးဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအလုပ်သမားဖမ်းဆီးခံရမှု ၁၂၈၉ ဦးအထိ ထက်ဝက်မက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခြားနိုင်ငံတွေကတော့ ကမ္ဘောဒီးယား ၂၈၁ ဦး၊ လာအို ၃၁၅ ဦး၊ ဗီယက်နမ် ၄၁ ဦးနဲ့ တခြားနိုင်ငံသား ၁၃၇ ဦး ပါဝင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
 
"အဓိကကတော့ အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် လူငယ်တွေအကုန် ပြည်ပနိုင်ငံတွေကိုပြေးလာရတာပါတယ်။ ခုနောက်ပိုင်းဆို စစ်မှုထမ်းဖို့တွေအထိဆိုတော့ အားလုံးက ပြည်တွင်းနေမရတဲ့အနေအထားမို့ ပြည်ပကိုရောက်လာကြတာ။ ဒါကမြန်မာမှာဘဲအဆိုးဆုံးဖြစ်နေတော့ ထိုင်းမှာ ဒီလိုဖမ်းခံရတာမြန်မာအများဆုံးပါနေတာလို့ထင်ပါတယ်" လို့ ထိုင်းရောက်မြန်မာတစ်ဦးက ဆိုပါတယ်။
 
ထိုင်းအစိုးရရဲ့ဥပဒေအရ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်​ကြတဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာပဲ လုပ်ကိုင်ခွင့်ရှိပြီး ထိုင်းနိုင်ငံသားတွေပဲ လုပ်ကိုင်ခွင့်ရှိတဲ့အခြားသောလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေကို ထပ်မံရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026