NEWS

ထိုင်းမှာ ပြစ်ဒဏ်ကျခံခဲ့ရသော မြန်မာ ၁၀၀ဝန်းကျင် စစ်ကော်မရှင်ထံ ထပ်မံလွှဲပေးခံရ

CoverLogo
153 Views
 
ထိုင်းနိုင်ငံ မှာ အကြောင်း အမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာ ၁၀၀ခန့်ကို ဇန်နဝါရီ ၁၃ရက် ရက်က ရနောင်းမှ တစ်ဆင့် မြန်မာဘက်ခြမ်းကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
 
ရနောင်းထိန်းသိမ်းရေးစခန်း မှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၂၀ ဦး ၊ကလေးတစ်ဦး စုစုပေါင်း ၉၄ဦးကို ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
 
၎င်းတို့ကို ရနောင်းမြို့ဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ရနောင်းမြို့ ဘပန်နာရပ်ကွက် ရှိအကောက်ခွန် လှေဆိပ်ကနေ မြန်မာပြည်ဘက် ကော့သောင်း ဘက်သို့ ပို့ပေးခဲ့တယ်လို့သိရပါတယ်။
ယခု ပို့ဆောင်မှုမှာ ၂၀၂၆ခုနှစ် ဇန်နဝါရီ လအတွင်း ဒုတိယ အကြိမ် ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ က ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးနဲ့ကလေး ၂ယောက် စုစုပေါင်း ၇၇ဦး ကို နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလို ပြန်ပို့ ခံရတဲ့ လူငယ်တွေကို စစ်ကော်မရှင်မှ စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်တာတွေ ပြုလုပ်နေတာကြောင့် ထိုင်းရောက်အထောက်အထားမဲ့ မြန်မာ လုပ်သားတွေမှာ အထောက်အထားမရှိလို့ အဖမ်းခံရမှာထက် စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်ခံရမှာကို ပိုမိုစိုးရိမ် နေကျတယ်လို့ လုပ်သားတွေ ထံမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်နဲ့၂၀၂၅ခုနှစ် အတွင်း ထိုင်းမှ စစ်ကော်မရှင်ထံ ပြန်လွှဲပို့ ပေးခဲ့တဲ့ မြန်မာ ၄၀၀၀ ကျော် ရှိပြီး ၎င်းတို့ထဲမှ လူငယ်အများစုမှာ စစ်မှုထမ်း ဖို့ ခေါ်ဆောင်ခံရတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေထံမှ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026