NEWS

ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ

CoverLogo
336 Views
 
ထိုင်းဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ် နတ်ရွာစံတာကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ယနေ့မှစ ရက် ၉၀ ထိ သတ်မှတ်နေထိုင်သွားဖို့ ပြည်သူများကိုထိုင်းအစိုးရကမေတ္တာရပ်ခံလိုက်ပါတယ်။
 
ပြည်သူများအနေနဲ့ အနက်ရောင် သို့မဟုတ် အရောင်ဖျော့သာ ဝတ်ဆင်ဖို့ နဲ့အစိုးရဝန်ထမ်းများကတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဝတ်စုံကို တနှစ်တာ ဝတ်ဆင်သွားဖို့ ထိုင်းအစိုးရက မေတ္တာရပ်ခံထားပြီး ထိုင်းနိုင်ငံအတွင်း ပျော်ပွဲရွှင်ပွဲများ ရှိုးပွဲများကို ရက် ၉၀ မလုပ်ဖို့လည်း မေတ္တာရပ်ခံထားတယ်လို့ဆိုပါတယ်။
 
ဒါ့အပြင်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံတာကို ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ အစိုးရရုံးတွေမှာ နိုင်ငံတော်အလံတဝက်ကို ရက် ၃၀ အတွင်း တဝက်လွှင့်တင်ဖို့ ထိုင်းအစိုးရက ကြေညာပါတယ်။
 
မယ်တော်ကြီးသီရိခေတ်ဟာ လက်ရှိ ထိုင်းနိုင်ငံရဲ့ ဘုရင် မဟာဝီရာလောင်ကွန်းရဲ့မယ်တော်လည်းဖြစ်သလို ၁၉၅၀ မှ ၂၀၁၆ အထိ ဘုရင်ဘူမိဘောရဲ့ကြင်ယာတော်မိဖုရားခေါင်လည်းဖြစ်ခဲ့ရာ အောက်တိုဘာ ၂၄ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်မှာနတ်ရွာစံသွားတာလည်းဖြစ်ပါတယ်။
 
မယ်တော်ကြီးသီရိခေတ်ရဲ့ ကွယ်လွန် နတ်ရွာစံရတဲ့အကြောင်းအရင်းကို အောက်တိုဘာ ၁၇ ရက်ကတည်းက သွေးတွင်း ကူးစက်ခြင်းတစ်မျိုးကြောင့် ဖျားနာမှု များဆက်တိုက်ကြုံရကာ ဆေးအဖွဲ့မှ အစွမ်းကုန်ကုသခဲ့‌ ပေမယ့်သက်တော် ၉၃ နှစ်မှာပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်‌ေကြာင်းထိုင်းတော်ဝင်ဘုရင်မိသားစုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
လက်ရှိထိုင်းဘုရင်က မယ်တော်ရဲ့ဈာပနအခမ်းအနားကို အမြင့်ဆုံးအဆင့်ဖြင့် ကျင်းပရန် မှာကြား ထားပြီး ရုပ်ကလာပ် တော်ဝင်နန်းတော်ရာ ဒူးဆစ်မဟာပရာဆတ် ပလ္လင်တော်ခန်းမတွင် ၁ နှစ်တိတိ ထားရှိကာ တော်ဝင်မိသားစုဝင်များသာ ဝမ်းနည်းအောက်မေ့ဖွယ်အဖြစ် လာရောက် ဂါရ၀ပြုခွင့်ပေးမည်ဟု ကြေညာထားပါတယ်။
 
လက်ရှိမှာ တော့ထိုင်းဘုရင့်မယ်တော်ကို အရိုအသေပေးဖို့အတွက် ထိုင်းပြည်သူတွေက အမဲရောင်ဝတ်ဆင်ပြီး ဘုရင့်နန်းတော်အနီးမှာဘုရင်မကြီးရဲ့ဓာတ်ပုံ ၊ ပိုစတာများကိုင်ဆောင်ကာ ဝမ်းနည်းမှုကိုပြသနေကြပါတယ်။

Related posts

Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026
Cover
ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်း ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ဦး အပါအဝင် နိုင်ငံခြားသား၂၀၀၀ကျော် ဖမ်းဆီးခံရ
Feb 03, 2026
Cover
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၆၀ ကျော် ကို စစ်ကော်မရှင်ထံလွှဲပြောင်း
Feb 03, 2026