NEWS

ထိုင်းနှင့်မလေးရှိ မြန်မာလုပ်သား တွေကိုဖမ်းဆီး ပြီး စစ်ကောင်စီထံ ပြန်ပို့ခြင်း အပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်မည်

CoverLogo
626 Views

ထိုင်းနဲ့မလေးရှား နိုင်ငံမှာ တရားမဝင် နေထိုင်မှုနဲ့ အဖမ်းဆီး ခံရတဲ့ မြန်မာအလုပ်သမားတွေ ကို ထိုင်းနဲ့မလေးရှား အာဏာပိုင်တွေ က စစ်ကောင်စီ ထံ ပြန်ပို့ပေးခြင်း အပေါ်  ကန်ကွက်သောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် မှု ပြုလုပ်မယ်လို့ Stars of Myanmar Friendship UK အဖွဲ့ ထံ မှ သိရပါတယ်။ 

 

ဆန္ဒထုတ်ဖော်မှု ကို ၂၀၂၅ ခုနှစ် မတ်လ ၄ ရက် နေ့ တွင် လန်ဒန်မြို့ရှိ ထိုင်းသံရုံးရှေ့ တွင် နေ့လည် ၁နာရီခွဲ မှ ၂နာရီအထိ လည်းကောင်း လန်ဒန်မြို့ရှိ မလေးသံရုံးရှေ့ တွင် နေ့လည် ၂နာရီ ခွဲ မှ ၃နာရီ အထိ လုပ်ဆောင်မယ်လို့ သိရပါတယ်။ 

 

တရားမဝင် နေထိုင်မှုနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက ဖမ်းဆီးပြီး   မြန်မာစစ်အာဏာရှင်လက်အောက်သို့ ပြန်လည်ပို့ဆောင်ခံရတဲ့အလုပ်သမားတွေဟာ  အတင်းအဓမ္မ စစ်သားစုဆောင်းခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခံရခြင်းနဲ့  စစ်မြေပြင်တွင် သေဆုံးရခြင်းတွေ နဲ့  ရင်ဆိုင်နေရပါတယ်။ 

 

 ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် နိုင်ငံတကာဥပဒေအရ မည်သည့်နိုင်ငံကမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ ထိခိုက်နစ်နာခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ရင်ဆိုင်ရနိုင်တဲ့  နေရာသို့ လူများကို ပြန်ပို့ခြင်း မပြုသင့်ဘူးလို့ ဆိုပါတယ်။ 

 

ထိုင်းနိုင်ငံအနေနဲ့  ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်း မှာ လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့်  အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို တားမြစ်သည့် ICCPR (International Covenant on Civil and Political Rights) ကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များ ကို လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် မလေးရှားနိုင်ငံဟာ လည်း  ICCPR  စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့် မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများကို လိုက်နာရန် မျှော်လင့် တယ်လို့Stars of Myanmar Friendship UK အဖွဲ့ကဆိုထားပါတယ်။ 

 

ဒါကြောင့် ထိုင်း နှင့် မလေးရှား နိုင်ငံအနေ နဲ့ လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာပြီး မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဂုဏ်သိက္ခာနှင့် လုံခြုံရေးကို ချိုးဖောက်ခြင်းကို ရပ်တန့်ပေးရန် တောင်းဆို၊ ဆန္ဒပြပွဲကို လည်း စိတ်ပါ ဝင်စားသူတွေ အတူပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကာ ဆန္ဒပြပွဲ ကို လာရောက်လိုသူတွေ အနေနဲ့ SMFC ရဲ့  page messanger မှာလာရောက် ပြောကြားပေးဖို့ ကြေညာထားပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026