NEWS

ထိုင်းနိုင်ငံအတွင်း  ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက် ၆၀ နေထိုင်ခွင့်ရသည့် နိုင်ငံများစာရင်း တွင် မြန်မာမပါဝင်

CoverLogo
665 Views

ထိုင်းနိုင်ငံတွင်  ဇွန်လ ၁ ရက်ကစပြီး  ဗီဇာမူဝါဒများ ဖြေလျှော့ကာ  ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ပြုမယ့်  နိုင်ငံပေါင်း ၉၀ ကျော်စာရင်းထုတ်ပြန်လိုက်ပေမဲ့ အဲ့ဒီထဲမှာ  အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံ ပါဝင်လာခြင်းမရှိဘူးလို့ ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။

"ထိုင်းနဲ့ မြန်မာ နဲ့ က အိမ်နီးချင်း နိုင်ငံ ဆိုပေမယ့် နိုင်ငံရေးအခြေနေကြောင့် သူတို့နိုင်ငံမှာ ခိုလှုံမှာ စိုးရိမ်ပြီး ရက် ၆၀ ဗီဇာ ကင်းလွှတ်ခွင့်ထဲ မြန်မာကိုခွင့်မပြုတာ အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီးမကောင်းရင် သားသမီးတွေအနှိမ်ခံရသလို နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်သူမကောင်းတော့ နိုင်ငံသားတွေ အနှိမ်ခံရတာပေါ့ "လို့ ထိုင်းရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း ပိုပြီးတိုးတက်လာအောင် ဆွဲဆောင်တဲ့အနေနဲ့ နိုင်ငံပေါင်း ၉၀ကျော်က  နိုင်ငံခြားသား ဧည့်သည်တွေကို ရက် ၆၀ အထိ ပြည်ဝင်ခွင့် ဗီဇာမပါဘဲ နေခွင့် ထိုင်းအစိုးရက ခွင့်ပြုလိုက်တာလို့သိရပါတယ်။

ထိုင်းနိုင်ငံမှာ စီးပွားရေး လုပ်ငန်းလုပ်ချင်သူတွေ၊ ထိုင်းအစားအစာ၊ ထိုင်းအနုပညာကို လေ့လာ သင်ယူလိုသူတွေနဲ့ ထိုင်းရိုးရာ မွေထိုင်း (Muay Thai) လက်ဝှေ့ကို လေ့လာသင်ချင်တဲ့ သူတွေကိုတော့ ရက် ၁၈၀ အထိ ဗီဇာပေးမယ့် အစီအစဉ်သစ်ကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံ‌တွေကို ရက် ၆၀ ဗီဇာ ကင်းလွှတ်ခွင့် ပါဝင်လာခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ အရင်ကလို  ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ၁၄ ရက်သာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဆက်ပြုထားတယ်လို့ ဆိုပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026