NEWS

ထိုင်းနိုင်ငံအတွင်း  တရားမဝင်မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံရ

CoverLogo
397 Views

ထိုင်းနိုင်ငံ အတွင်း  တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေ ကို ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးရာ လက်ရှိရက်ပေါင်း၅၀အတွင်း  မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းဌာနတွေ ထံ က သိရပါတယ်။
ဇွန်လ ၅ရက်မှ ဇူလိုင်၂၅ ရက်နေ့ထိ ရက်ပေါင်း ၅၀ အတွင်းတရားမဝင်ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၄၇,၇၂၆ ဦးဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အခုလို အဖမ်းခံရတဲ့ တရားမဝင်နိုင်ငံခြားသားလုပ်သားတွေထဲ မှာ မြန်မာအလုပ်သမား အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
""စီမံချက် ကာလ ဆိုတော့ အဖမ်းဆီးက ကြမ်းတယ် သွားသတိလာသတိနေရတာပဲ ဒီမှာ ဖမ်းနေတယ် ဆိုလို့ မြန်မာပြည်ပြန်တော့လဲ ရွာလည်း နေလို့မရသလို အိမ်လဲ မရှိတော့ဘူးလေ  ဒီဘက်မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ရင်းနဲ့ နေရတာပဲ ကံမကောင်းလို့ အဖမ်းခံရတော့လဲ မတတ်နိုင်ဘူးပေါ့ ကိုယ်ကတော့ အမြဲ သတိထားနေရတာပဲ ဒီမှာရောက်နေတဲ့ တရားမဝင် လုပ်သားတွေလည်း ဒီလိုပဲ နေနေကြရတာ""လို့ ထိုင်းနိုင်ငံ ရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ထိုင်းအလုပ်သမားဦးစီးဌာန က ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်တွေ အနေနဲ့ မိမိတို့ စက်ရုံ အလုပ်ရုံ တွေ မှာ အလုပ်လုပ်ခွင့်ပါမစ်မရှိတဲ့ အလုပ်သမားတွေ ကို လက်မခံဘို့၊ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အမျိုးအစားတွေ မှာ အလုပ်လုပ်ခွင့်မပြုဖို့ နဲ့ တွေ့ရှိပါက ဒဏ်ကြေးငွေ ပေးဆောင်ရမယ်လို့ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရက်ပေါင်း၅၀ အတွင်း ဖမ်းဆီးရမိတဲ့ နိုင်ငံအလိုက်အလုပ်သမားတွေ မှာ   မြန်မာ
အလုပ်သမား ၁၁၀,၁၃၀ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၂၂,၉၉၉ ဦး ၊ လာအိုအလုပ်သမား၉,၆၇၅ ဦး ၊ ဗီယက်နမ်အလုပ်သမား၁၀၄  ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား၄,၈၁၈ ဦးဖြစ်ကြပြီး ၎င်း တို့အနက်
မြန်မာအလုပ်သမား ၆၅၈ ဦး၊ လာအိုအလုပ်သမား ၁၄၇ ဦး ၊ကမ္ဘောဒီးယားအလုပ်သမား ၁၄၁ ဦး ၊ဗီယက်နမ်အလုပ်သမား ၂၁ ဦး၊အခြားနိုင်ငံအလုပ်သမား ၇၀ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီးဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026