NEWS

ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ ကျော် ဖမ်းဆီးခံရ

CoverLogo
1.4K Views

ထိုင်းနိုင်ငံအလုပ်အကိုင် ရှာဖွေရေးဦးစီးဌာန ဖော်ပြချက်အရ ထိုင်းအာဏာပိုင်များမှ နိုင်ငံခြားသားများလုပ်ကိုင်ရန် တားမြစ်ထားသည့် လုပ်ငန်းခွင်များကို ဝင်ရောက်စစ်ဆေးရာ အလုပ်လုပ်ခွင့်ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသူ ရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်ဟု ဘန်ကောက်ပိုစ့်သတင်းဌာနက စက်တင်ဘာ ၂၈ရက်မှာ  ဖော်ပြထားပါတယ်။

ယမန်နှစ်အောက်တိုဘာလမှ ပြီးခဲ့တဲ့  တနင်္ဂလာနေ့အထိ ဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ငှားရမ်းခိုင်းစေသည့် လုပ်ငန်းခွင် ၅၃,၇၃၂ ခုအား ကျပန်းစစ်ဆေးခဲ့ရာ ရွှေ့ပြောင်းအလုပ်သမား ၃၄၆၄ ဦးတွင် အလုပ်လုပ်ရန်ခွင့်ပြုမိန့်မရှိသည်ကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားတာပါ။

၎င်းတို့အနက် မြန်မာနိုင်ငံသား ၁၈၅၀ ဦး ၊ ကမ္ဘောဒီးယားနိုင်ငံသား ၆၃၆ ဦး ၊ လာအိုနိုင်ငံသား ၅၆၂ ဦး ၊ ဗီယက်နမ် နိင်ငံသား ၁၄၅ ဦးနှင့် ကျန်ရှိရွှေ့ပြောင်းအလုပ်သမားများမှာ အခြားသောနိုင်ငံသားများဖြစ်ကြတယ်လို့ သိရပါတယ်။ 
ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသူ ၁၆၂၄ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 
ထိုင်းနိုင်ငံမှာ လက်တွန်းလှည်းစျေးသည် ၊ ဆံသလုပ်ငန်း ၊ အများသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်း ၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း ၊ တိုးဂိုက် နှင့်အခြားသောလုပ်ငန်းများအပါအဝင်  လုပ်ငန်း ၄၀ ခုအား ‌ရွှေ့ပြောင်းများကို လုပ်ကိုင်ခွင့်မပေးထားဘူးလို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။

အဆိုပါ ခွင့်ပြုမိန့်မရှိသော ရွှေ့ပြောင်းများနှင့် တားမြစ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းများကို ဘန်ကောက်နှင့် အခြားခရိုင်ကြီးများဖြစ်သော နွန်ထဘူရီ ၊ ချင်းမိုင် ၊ ခွန်ဘူရီ ၊ နခွန်ပထုန် နှင့် ရနောင်းခရိုင်များတွင် တွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

တားမြစ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများသည် ဒဏ်ကြေးအဖြစ် ဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ပေးဆောင်ရနိုင်ပြီး မိခင်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် နှစ်နစ်ပိတ်ပင်ခံရမည်ဟုလည်း ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြထားပါတယ်။

Ref : bangkokpost


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026