NEWS

ထိုင်းနိုင်ငံဝင်ခွင့် Free ဗီဇာနှစ်ကြိမ်ထက် ပိုတိုးခွင့်မပြုတော့ဟုဆို

CoverLogo
422 Views
 
ထိုင်းနိုင်ငံ အတွင်းသို့ နိုင်ငံခြားသားတွေ အနေနဲ့ Visa free ဖြင့် ဝင်ရောက်ပါက ၂ကြိမ်ထက်ပိုပြီး သက်တမ်းတိုးခွင့်မပြုတော့ဘူးလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
နိုင်ငံခြားသားခရီးသွား တွေ ကို ပိုမို တင်းကျပ်မယ့် ပြည်ဝင်ခွင့်ဗီဇာ ဆိုင်ရာ စည်းမျဉ်းတွေ အသစ်ချမှတ် လိုက်ပြီး အခုလို Visa free ဖြင့် နှစ်ကြိမ် အထက်ဝင်ရောက်လာပါက ပြည်ဝင်ခွင့် ပိတ်ပင်မယ့် အထိ လုပ်ဆောင်မယ်လို့ သိရပါတယ်။
 
အခုလို လုပ်ဆောင်တာဟာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံရဲ့ ဗီဇာကင်းလွှတ်ခွင့်ကို အလွဲသုံးစား ပြုလုပ်ပြီး ခရီးသွားဟန်ဆောင်ကာတရားမဝင်အလုပ်လုပ်တာတွေ ဆိုက်ဘာရာဇဝတ်မှု များ၊ငွေကြေးခဝါချမှုနဲ့ လူကုန်ကူးမှု စတာတွေ နဲ့ဆက်နွယ်နေတဲ့အတွက် ဗီဇာသက်တမ်းတိုးခြင်းကို တင်းကျပ်လိုက်တာလို့ ထိုင်းလ၀ကရဲမှူးကြီး  Cheongron Rimpadee က နိုဝင်ဘာလ ၁၂ရက်က ပြုလုပ်တဲ့ လ၀က ဆိုင်ရာ အရေးပေါ်အစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။
 
နိုင်ငံခြားသားတွေဟာ ရက် ၉၀ အထိ နေထိုင်ခွင့်ပြုထားတဲ့ ဗီဇာကင်းလွတ်ခွင့် ကို အသုံးပြုပြီး (visa run)လို့ခေါ်တဲ့ နည်းလမ်းဖြင့် အကြိမ်ကြိမ် ဝင်ထွက်ကာ အွန်လိုင်းရာဇဝတ်မှုများကဲ့သို့ တရားမဝင် လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ၎င်းကပြောပါတယ်။
 
ယခုနှစ်အတွင်းမှာဘဲ ဗီဇာ အလွဲသုံးစား ပြုလုပ်ပြီး ဝင်လာတဲ့ နိုင်ငံခြားသား ၂၉၀၀ ကျော် ကို ပြည်ဝင်ခွင့် ပယ်ချ ခဲ့တယ်လို့ဆိုပါတယ်။
 
လက်ရှိ ပြည်ဝင်ခွင့်ဗီဇာ ဆိုင်ရာ စည်းမျဉ်းတွေ အသစ်ချမှတ်မှုများ ကတော့ Visa Free (ဗီဇာကင်းလွတ်ခွင့် )ကို အခွင့်ကောင်းယူပြီး "Visa Run" (အဝင်/အထွက်) ခဏခဏ လုပ်နေတဲ့သူတွေကို အဓိကထားပြီး တင်းကျပ်စွာ စစ်ဆေးတော့မှာဖြစ်သလိုခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ "Visa Run" ကို (၂) ကြိမ်ထက်ပိုပြီး အသုံးပြုပါက လူဝင်မှုကြီးကြပ်ရေးက ဝင်ခွင့်ပယ်ချ (Deny Entry) မှာဖြစ်ပြီး တကယ့် ရည်ရွယ်ချက်အမှန်အတိုင်း မှန်ကန်တဲ့ ဗီဇာအမျိုးအစားကို သွားလျှောက်ခိုင်းမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် နယ်စပ်ဒေသ အထူးသဖြင့် မဲဆောက်-မြဝတီကဲ့သို့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) အခြေစိုက် ဒေသများမှ လာပြီး အမည်ပျက်စာရင်းဝင်ထားတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံထဲ လုံးဝပြန်ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း၊ အလွဲ သုံးစားလုပ်၍ မကြာခဏ ဗီဇာတိုးသူများကို စိစစ်ပြီး လိုအပ်ပါက သက်တမ်းတိုးခွင့် ရုပ်သိမ်းကာ ပြည်နှင်ဒဏ်ပေးမယ်လို့ ဖော်ပြထားပါတယ်။
 
နိုင်ငံတဝန်း တွင် လည်း နေထိုင်ခွင့် သက်တမ်း ကျော်လွန် သူတွေကို ဖမ်းဆီးမှု တွေ အရှိန်မြှင့်ပြီး ပြည်သူတွေ သိရှိရန် အချိန်မှီ ထုတ်ပြန်ပေးမယ်လို့ အသိပေးထားပါတယ်။
 
Ref-Bangkok Post

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026