NEWS

ထိုင်းနိုင်ငံရှိမြန်မာသံရုံးနှင့်လက်ဝေခံအချို့လာဘ်ငွေများယူနေပြီး ပတ်စ်ပိုစ့် စာအုပ်တအုပ်လျှင် အမြန်ကြေးအတွက်ဘတ်(၆၅၀၀)အထိပေးနေရ

CoverLogo
1.1K Views

နိုဝင်ဘာ၊ ၇ရက်

ဘန်ကောက်ရှိမြန်မာသုံရုံးအရာရှိဝန်ထမ်းများအပါအဝင် လက်သင့်ရာကုမ္ပဏီကြီးတခုမှထိုင်းရောက်မြန်မာလုပ်သားများအတွက်ပတ်စပိုစ့်သက်တမ်းတိုးလဲလှယ်ခွင့်အတွက်မတရားလာဘ်ငွေများစွာတောင်းခံနေတယ်လို့ထိုင်းရောက်မြန်မာလုပ်သားအသိုင်းအဝိုင်းထံမှသိရပါတယ်။

ဒီလိုလာဘ်ငွေမတရားတောင်းခံနေတာနဲ့ပတ်သက်ပြီးထိုင်းရောက်မြန်မာလုပ်သားတဦးက-

"လက်တွေ့ပါ သံမှူးကိုယ်တိုင်ဝင်လာပြီသံရုံးအတွင်းပွဲစားတွေ့ပါကနီးရာတာဝန်ရှိသူအကြောင်းကြားပေးပါသူကိုယ်တိုင်လာဖမ်းမယ် လူလိမ်ကြီးကပြောပြီး သံရုံးဝန်ထမ်းဆီမှာ ပတ်စပို့စ်လဲတင်ရော တိုးတိုးလေးပြောတယ် အမြန်ယူမလား 6500 ရိုးရိုးဆိုနှစ်လလောက်ကြာမှာတဲ့ သံရုံးတစ်ခုလုံးက ဝဲစားနဲ့ပွဲစားကြီပါဘဲ"လို့ရေးသားထားပါတယ်။

မြန်မာသံရုံးမှာတနေ့ကိုပတ်စပိုစ့်သက်တမ်းတိုးလဲလှယ်သူအယောက် ၁၀၀ ခန့်ရှိပြီးထိုအထဲမှာအယောက်၆၀ခန့်အတွက်သက်တမ်းတိုးခွင့်ကိုစစ်ကောင်စီလက်ဝေခံသံရုံးနဲ့ပတ်သက်ရာပတ်သက်ကြောင်းကုမ္ပဏီတခုကိုလုပ်ကိုင်ခွင့်ပေးထားတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းရောက်အလုပ်သမားအရေးလှုပ်ရှားသူတဦးကို Myanmar Labour News ကမေးမြန်းရာမှာတော့-

"သံရုံးမှာ စာအုပ်လဲတာက ဘတ် 1000 ကျော်လောက်သာ ကျပါတယ် ကိုဗစ်ကာလမှာ ပွဲစားတချို့တွေကတော့ အမျိုးမျိုးတောင်းစားနေကြတာပေါ့လောလောဆယ် ခေတ်ပျက်ကာလဆိုတော့ သူတို့ သဘောတိုင်း စားကွက်တွေ ဖြစ်နေတာပေါ့လေ"လို့ပြောပါတယ်။

လုပ်သားတဦးအနေနဲ့ပတ်စပိုစ့်သက်တမ်းတိုးလဲလှည်ရာမှာနိုင်ကံတော်ကိုပေးသွင်းငွေဘတ်(၈၀၀)သာကျသင့်မှာဖြစ်ပြီးပွဲစားနှင့်ပေးလုပ်ခိုင်းမှဘတ်( ၁၅၀၀)သာကုန်ကျနေရာမှစစ်ကောင်စီလက်ဝေခံသံအမတ်မျိုးမြင့်သန်းဦးဆောင်တဲ့သံရုံးဝန်အထမ်းအရာရှိတွေမှလာဘ်ငွေတောင်းခံမှု့ကြောင့်ဘတ်( ၆၅၀၀)အထိကျသင့်နေရတယ်လို့သိရပါတယ်။

#MyanmarLabourNews

ပုံစာ-စစ်ကောင်စီလက်ဝေခံထိုင်းနိုင်ငံဆိုင်ရာမြန်မာငံအမတ်မျိုးမြင့်သန်းနှင့်ထိုင်းရဲတပ်ဖွဲ့တို့တွေ့ဆုံစဥ်


Related posts

Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026