NEWS

ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စခန်း ၈ ခုအနက် ၂ ခုကို ပိတ်သိမ်း

CoverLogo
799 Views

ထိုင်းနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ထုတ်ပေးနေတဲ့ 
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထားလက်မှတ် (Certificate of Identity = CI)) စာအုပ်ထုတ်ပေးရေးရုံး ၈ ခုအနက်မြန်မာစခန်းနှစ်ခုကို ပိတ်သိမ်းလိုက်တယ်လို့  သိရပါတယ်။ 

"CI ထဲထည့်ပေးမဲ့ဗီဇာ သက်တမ်းနဲ့ ပန်းရောင်ဘတ် သက်တမ်းကအတူတူပဲပိုက်ဆံနည်းနည်းပိုကုန်မယ်အရင်က အနီးစပ်ဆုံး CI စခန်းကိုသွားရမဲ့စျေးကို ပွဲစားကတွက်ယူထားပြီးသား။ အခုက နည်းနည်းပိုဝေးမဲ့မြို့ကိုသွားလုပ်ရရင် လမ်းစရိတ်နည်းနည်းပိုတက်လာမယ်လေရတဲ့မြို့ကို တက်လုပ်ကြမှာပဲ။ မလုပ်ဘဲနေကြသူလည်းအများကြီး။ ပွဲစားစျေးက ၆၅၀၀၊ ၇၀၀၀လောက်ကျတယ်။ မလုပ်ရင်အခြားနယ်မြေ သွားရခက်တယ်အခုအချိန်အထိ CI မလုပ်ပဲ နေသူတွေလည်းရှိတယ်။ CIက ပြည်တွင်းပြန်ဝင်ဖို့ ထိုင်းကအခြားမြို့နယ်သွားဖို့ပဲရတာ"လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူက ဆိုပါတယ်။ 

လက်ရှိမှာ CI စခန်းနှစ်ခုကိုပိတ်သိမ်းလိုက်လို့ အလုပိသမားတွေအတွက် ကြီးကြီးမားမားပြဿနာမရှိပေမဲ့လည်း CI ပြုလုပ်မဲ့သူတွေက အခြားမြို့နယ်တွေကိုသွားရောက်လုပ်ရာမှ ခရီးစရိတ်ပိုမိုကုန်ကျတာကြောင့် ယခင်ထက်ကုန်ကျစရိတ်ပိုမိုများလာနိုင်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံအစိုးရက CI စခန်းတွေကိုပိတ်သိမ်းဖို့ ဇွန် ၁၆ ရက်က ညွှန်ကြားလာတာကြောင့် 
ဆုန်ခလာခရိုင်နဲ့  နခွန်စဝမ်ခရိုင်မှာရှိတဲ့  CI စခန်းတွေကို ပိတ်သိမ်းလိုက်တာဖြစ်ပြီး အခြားမြို့နယ်တွေမှာရှိနေတဲ့ စခန်း၆ခုကိုတော့ ဇွန် ၁၉ ရက်ကစပြီး  ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။ 

"CI က တရားဝင် ဗီဇာထုတ်ပေးမယ်။ သွားလို့ လာလို့ ရမယ်။ အချိန်မရွှေး ဘယ်သွားသွား သွားလို့ရတယ်။ နောက် တခုက အိမ်ပြန်မယ်ဆိုရင်လည်း ရတယ်”လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ပန်းရောင်ကတ်ထုတ်ပေးတာကြောင့်  CI စာအုပ်ဆက်လက်ထုတ်ပေးမှုကို ၂၀၁၆ ခုနစ် နိုဝင်ဘာလလယ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026