NEWS

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် မှ တရားမဝင် မြန်မာအလုပ်သမား ၂၆၀ ကျော် အဖမ်းခံရ

CoverLogo
689 Views

ထိုင်းနိုင်ငံ ဖရာ့နခေါစီအယုဒ္ဓယခရိုင် ဥထိုင်မြို့ နောင်နမ်းစုမ့် ကျေးရွာအုပ်စုနယ်မြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တရားမဝင် မြန်မာအလုပ်သမား ၂၆၀ ကျော် အဖမ်းခံရတယ်လို့  ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းဟာ တရုတ်လုပ်ငန်းရှင် ပိုင်ဆိုင်တဲ့ နေရာ ဖြစ်ပြီး စက်တင်ဘာ၂၃ ရက်က မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ရာမှ အခုလို အဖမ်းခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်ရောက်စစ်ဆေးချိန်မှာ အထောက်အထားစာရွက်စာတမ်းမရှိတဲ့  မြန်မာအလုပ်သမား ကျား ( ၂၁၂ ) ဦး၊ မ ( ၅၂ ) ဦးတို့ကို စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။

"အခု အဖမ်းခံရသူတွေ က ထိုင်းကို အောက်လမ်းကနေ လာတဲ့သူများတယ်  အခုလို မြန်မာနိုင်ငံသား အများကြီး အဖမ်းခံရတာ အတော်လေး စိတ်မကောင်း ဖြစ်ရတယ် အခုအခြေနေက ထိုင်းကို တရားမဝင် လာမယ်သူတွေ မလာသင့်တော့ဘူး လို့ ပြောချင်တယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

ယခု ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေဟာ တနေ့လုပ်ခ ဘတ် ၅၀၀ ခန့်ရရှိပြီး လုပ်ငန်းကျွမ်းကျင်သူဖြစ်ပါက တစ်ရက်ကို ဘတ်၆၀၀ ထိရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ဥပဒေအရ လုပ်ငန်းစဉ် တွေ ဆောင်ရွက်ပြီးပါက  မိခင်နိုင်ငံကို ပြန်ပို့မှာ ဖြစ်တယ်လို့သိရပါတယ်။

Photo- Chit Ngwe


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026