NEWS

ထိုင်းနိုင်ငံရှိ CI စခန်း များ အားလုံး ဇူလိုင် ၇ရက် တွင် အပြီးပိတ်သိမ်းတော့မယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ

CoverLogo
708 Views

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား ဖြစ်တဲ့ CI စင်တာတွေအားလုံးကို ဇူလိုင်လ ၇  ရက်ကစပြီး ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက် မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်းနိုင်ငံ အတွင်းမှာ CI စခန်း ၈ခု ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်မှာတော့ နခွန်စဝမ်နှင့်ဆုန်ခါလာ ခရိုင် တို့မှ စခန်း နှစ်ခု ပိတ်သိမ်းလိုက်တယ်လို့ ကြေညာခဲ့ပြီး ယခု မှာ စီအိုင်စခန်း အားလုံးကို ပိတ်သိမ်းတယ်လို့ ထပ်မံကြေညာခဲ့ ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရဘက်က တောင်းဆိုလာလို့ စီအိုင်စခန်း အားလုံးကို ဇူလိုင်၇ရက်မှာ အပြီးပိတ်သိမ်းရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

လောလောဆယ်မှာ  CI အထောက်အထား  လုပ်ဖို့ 7/11ကောင်တာများမှာ မှတ်ပုံတင်စာ
င်းသွင်းထားပြီးသူတွေ အနေနဲ့ အမြန်သွားရောက် လုပ်ကိုင် ဖို့ ထိုင်းရောက်မြန်မာလူမှုအဖွဲ့အစည်းတွေ အသိပေးထားပါတယ်။

"ဒီမနက်တော့ လာလုပ်တဲ့သူ နည်းသွားတယ် အကယ်လို CI စာအုပ်မလုပ်လိုက်ရ ရင် ဘတ်ရိုက်ထားတဲ့သက်တမ်းရှိသလောက်ပဲ နေထိုင်ခွင့်ရမှာပါ   ဘတ်ရိုက်ပြီတဲ့သူက CI ကိုဆက်သွားရတယ် အကယ်လို့များ CI မပြောင်းဘူး ဘတ်ပဲရှိတယ်ဆို သက်တမ်းကုန်တာနဲ့ အထောက်ထားမဲ့တွေပြန်ဖြစ်တယ်"လို့ ထိုင်းရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိစေဖို့ ထိုင်းအလုပ်ရှင်များက အမည်စာရင်းတင်သွင်းတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၉သိန်းနီးပါးရှိပြီးအဆိုပါ အလုပ်သမားတွေ ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ကို စခန်း၅ခုနှင့် Mobile unit ၃ခု ကို ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ရက်က စတင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၄ခုနှစ် အောက်တိုဘာလ ၃၁ရက်အထိ ပြုလုပ်ပေးမယ်လို့ စကစရဲ့ အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့ပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026