VIDEO

ထိုင်းနိုင်ငံရေးအပြောင်းအလဲကြောင့် ပန်းရောင်ဘတ် ပြုလုပ်ပေးမှုအစီစဉ် နှောင့်နှေးနိုင်

CoverLogo
1K Views

ထိုင်းနိုင်ငံရေးအပြောင်းအလဲကြောင့် တရားမဝင်အလုပ်သမားတွေကို ပန်းရောင်ဘတ် ပြုလုပ်ပေးမှုအစီစဉ် နှောင့်နှေးနိုင်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ 

နိုင်ငံရေး အပြောင်းလဲ တွေ ကြောင့် ထိုင်းနိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေအပါအဝင် တရားမဝင် နေထိုင်သူတွေ အတွက် ပန်းရောင်ဘတ် အထောက်အထား လုပ်ပေးမယ့် အစီစဉ် နှောက်နှေး နိုင်တယ်လို ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေးကူညီသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့ဒီမိုကရေစီအရေး ပေါ် စာနာထောက်ထားမှုရှိတဲ့ Move Forward party ဖျက်သိမ်းခံရသလို ပါတီက လူကြိုက်များတဲ့ ထိုင်းနိုင်ငံရေးသမား Pita ကိုလည်း နိုင်ငံရေး လုပ်ပိုင်ခွင့် ၁၀နှစ်ပိတ်ပင်လိုက်တယ်လို ထိုင်းသတင်းဌာနတွေမှာ ဖေါ်ပြထားပါတယ်။ အခုလို ထိုင်းနိုင်ငံရေးလှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့ အတွက် ဒီနှစ် အတွင်း လူသစ် တွေ ကို ပန်းရောင်ကတ် ပြုလုပ်ပေးမယ့် အစီစဉ်ဟာမျှော်လင့်ချက်မဲ့နိုင်တဲ့ အနေထားရှိတယ်လို ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။ "ဒီအခြေနေအရဆို ထိုင်းမှာ လူသစ်တွေကို ပန်းရောင်ဘတ် ပြုလုပ်ပေးဖို တောင်းဆိုထားမှု ဟာ မျှော်လင့်ချက် နည်းနည်းမဲ့သွားနိုင်ပြီး အလောတကြီး ထိုင်းထဲ ကို အပြေးဝင်လာသူတွေ အဆင်မပြေခက်ခဲ နိုင်ပါတယ်"လို ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ မှ ကိုရဲမင်းကပြောပါတယ်။

လက်ရှိမှာလဲ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း၁၂၀ စီမံချက် နဲ့ တရားမဝင် အထောက်အထား မပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေဖမ်းဆီးနေတာဖြစ်ပါတယ်။ "သူတိုနိုင်ငံသူတိုပေါ်လစီဆိုတော့ သူတိုစိတ်ကြိုက်ကစားနေတာပဲ။ မနှစ်ကရွေးကောက်ပွဲကြောင့် နောက်ကျခဲ့တယ်လိုပြောကြတယ် အခု ၈ လပိုင်းတောင် ဘာမှရေရေရာရာ ဆုံးဖြတ်ချက်ကျမလာသေးတော့ ခက်ခဲမှာပါပဲ။ ဒီလိုခက်ခဲနေတော့ တဖက်က စကစ အကြိုက်ပေါ့ ၄ လ စီမံချက်နဲ့ ဖမ်းပို ဖမ်းပိုနေတာ။ အဆင်မပြေလိုစစ်ရှောင်လာကြတာလေနော်။ နိုင်ငံထဲပြန်ရင် သေဖိုတစ်လမ်းပဲရှိတော့တယ်""လို ပန်းရောင်ကတ် ပြုလုပ်ရန် စောင့်နေသူမြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ထိုင်းအစိုးရရဲ့ ရက်ပေါင်း ၁၂၀ စီမံချက် နဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ဖမ်းဆီးတာ မှာ ရက်ပေါင်း ၅၀ အတွင်းမှာတင် မြန်မာ အထောက်အထားမဲ့ အလုပ်သမား တစ်သိန်းကျော် ဖမ်းခံရတယ်လို ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ခတ္တာ ကတင်ဆက်ပေးထားပါတယ်။ #MyanmarLabourNews #migrantsworkers #thailand


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026