NEWS

ထိုင်းနိုင်ငံရေးအခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သက်တမ်းတိုးလုပ်ငန်းစဉ်ကြန့်ကြာမည်ကို စိုးရိမ်ရ

CoverLogo
657 Views
 
လက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရေး အရှုပ်ထွေးတွေကြောင့် ထိုင်းနိုင်ငံက ပြည်ပ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုး လုပ်ငန်းစဥ်တွေကြန့်ကြာ လာနိုင်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီသူတွေက ပြောပါတယ်။
 
ဇွန်လ ၁၉ ရက်က ထိုင်းအလုပ်သမားဝန်ကြီး နှုတ်ထွက် လိုက်မှုဟာ ပြည်ပ ရွှေ့ပြောင်းအလုပ်သမား အရေး မူဝါဒ အပြောင်းအလဲ တွေ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုး လုပ်ငန်းစဉ်တွေကြန့်ကြာမှု ဖြစ်လာမှာကိုလည်း ထိုင်းရောက် မြန်မာလုပ်သားတွေကစိုးရိမ်လျက်ရှိပါတယ်။
 
"အခုပုံစံ ဆို သက်တမ်းတိုးကိစ္စတွေ ပိုကြာမယ်လို့ ထင်တယ် အခုက ရိုးရိုးဘတ်အသစ်သမားတွေတောင် လက်ဗွေနှိပ်ပြီး ပန်းရောင်ကတ် မရသေးတဲ့ သူတွေ အများကြီး ပြီးတော့ အခြေနေတွေက ရှုပ်ထွေးနေတော့ စိုးရိမ်မိတယ်""လို့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ထိုင်းနိုင်ငံရေး အခြေနေ ဟာ ထိုင်းရောက် နေတဲ့ မြန်မာအလုပ်သမားတွေ အပေါ် အကျိုးတစုံတရာ ရိုက်ခတ်မှု တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားရေးကူညီပေးနေတဲ့ AAC ကိုရဲမင်းကပြောပါတယ်။
 
""လက်ရှိ အခင်း အကျင်းက ထိုင်းရောက်မြန်မာ လုပ်သားတွေ သက်တမ်းတိုးအနေနဲ့ အတော်လေးအကြပ်တည်း ရိုက်နေတဲ့ကာလ လို့ပြောရမယ် သက်တမ်းတိုးဖို့လိုနေတဲ့ လူဟောင်းသက်တမ်းတိုးသမားတွေ အတွက် ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့" ကိုရဲမင်း ပြောပါတယ်။
 
ဘတ်အသစ်ရိုက်ပြီးတဲ့ မြန်မာလုပ်သားတွေ အတွက် CI စခန်းတွေ ကို ယခုဇွန်လ အတွင်း ဖွင့်လှစ်ပေးဖို့ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် လက်တလောအခြေနေထိ ထူးခြားမှု မရှိသေးပါဘူး။
 
ရှုပ်ထွေးနေတဲ့ ထိုင်းနိုင်ငံရေး အခြေနေ ကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေ အသွားအလာ အနေထိုင်သတိထားဖို့လိုသလို လူမှုကွန်ယက် မှာ လည်း သတိထား ရေးသား ပြောဆိုဖို့ မြန်မာလုပ်သားအရေးကူညီပေးနေသူတွေက သတိပေးထားပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026