NEWS

ထိုင်းနိုင်ငံတွင်း နေထိုင်သူများ အောက်တိုဘာလကုန်ထိ CI ကတ် လျှောက်ထားနိုင်

CoverLogo
1.5K Views

ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့နေထိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သက်သေခံလက်မှတ် (CI) ကတ်တွေကို ဖေဖော်ဝါရီလ ၂၃ ရက်ကနေ အောက်တိုဘာလကုန်ထိ လျှောက်ထားနိုင်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။၊

လက်ရှိ ထိုင်းနိုင်ငံက ပထုန်ဌာနီ၊ စမုပရာကန်၊ စမုစခွန်၊ ချွန်ဘူရီနဲ့ ဆူရတ်ဌာနီပြည်နယ်တွေ မှာ (CI)ကတ်ထုတ်ပေးမယ့် စခန်း(၅)ခု ဖွင့်လှစ်ထားပြီး ချင်းမိုင်၊ နခွန်စဝမ်နဲ့ ဆုန်ခလာပြည်နယ်တွေမှာ Mobile Unit ပုံစံနဲ့ လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။


“သူတို့က သတ်မှတ်ထားတဲ့ ငွေထက် ပိုမကုန်ဖို့ ပွဲစားမအပ်နဲ့ ကိုယ်တိုင်လုပ်ပါ ပေါ့။ ဒါပေမယ့် လက်တွေ့က ဘယ်လိုလာမလဲ။ အခုချိန်မှာ ဒီဘက်မှာ တရားမဝင်ရောက်နေတဲ့ မြန်မာတွေက အများကြီးပဲ။ ဒီကြားထဲ ပွဲစားတွေ က လိမ်တာတွေက ရှိသေး။ ပွဲစားနဲ့ ဝန်ထမ်းပေါင်းလုပ်နေတာတွေ ရှိသေးတာပဲ”လို့ ထိုင်းရောက် မြန်မာတဦးက ပြောပါတယ်။


CI ကတ် လျှောက်ထားရာမှာ ဝန်ကြီးဌာနက စာအုပ်ဖိုးအပြင် ဝင်ငွေခွန်ကိုပါ ထည့်သွင်း ကောက်ခံမှာ ဖြစ်ပါတယ်။    ၂၀၂၄ခုနှစ် ဖောဖော်ဝါရီလတွင်း လျှောက်ထားသူက ၂၀၂၃ခုနှစ် အောက်တိုဘာလကနေ ဇန်နဝါရီလအထိ စုစုပေါင်း ဝင်ငွေခွန်ဘတ် ၆၀၀ နဲ့ စာအုပ်ဖိုး ဘတ်(၇၁၀ ) စုစုပေါင်းဘတ် (၁၃၁၀) ပေးသွင်းရမယ်လို့ သိရပါတယ်။


မတ်လနဲ့မတ်လ နောက်ပိုင်း ကတ်လျှောက်ထားသူတွေက စာအုပ်ဖိုးဘတ်(၇၁၀)နဲ့ ဝင်ငွေခွန်ဘတ်(၇၅၀)နှုန်း ကုန်ကျမှာ ဖြစ်ပြီး တလကိုဘတ် (၁၅၀)တိုး ကောက်မယ်လို့ ဆိုပါတယ်။


လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေ များပြားလာပြီး  ဖမ်းဆီးခံရတာတွေများလာတယ်လို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောဆိုထားပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026