ထိုင်းနိုင်ငံ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ Army PR Center ကသတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၁ ရက် မနက် ၃ နာရီက ပရာကျွတ်ခီရီခမ်မြို့နယ်မှာ ၂၃ ယောက် ၊ ညနေ ၃ နာရီခွဲမှာ ၈ ယောက် နဲ့ ကန်ကျနဘူရီခရိုင်မှာ လမ်းပြ ၁ ယောက် အပါအဝင် ၁၂ ယောက် စုစုပေါင်း ၄၃ ယောက်ကို ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တရားမဝင်မြန်မာလုပ်သား ၄၃ ဦးတို့က ထားဝယ်၊ ပဲခူး၊ ရန်ကုန်နဲ့ မော်လမြိုင်ဒေသကနေ လာခဲ့ကြတာလို့ သိရပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ဖို့ ပွဲစားခအနေဲ့ တစ်ယောက် ကို ဘတ် ၁၅၀၀ ကနေ ၂၅၀၀၀ အထိ ပေးခဲ့ရပါတယ်လို့ သိရပါတယ်။
လက်ရှိ ဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၃ ဦးကို နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ခရိုင်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။