NEWS

ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းချိန် မြန်မာ သုံးဦး သေဆုံး

CoverLogo
331 Views
 
ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြန်မာလုပ်သားတဦး ရေစီးထဲ မျောပါ သေဆုံးခဲ့ပြီး မြန်မာ ဇနီးမောင်နှံ နှစ်ဦးမှာ ဆိုင်ကယ် မတော်တဆမှုနဲ့ သေဆုံးခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod English မှာ ဖော်ပြပါတယ်။
 
ဘန်ကောက်မြို့ အရှေ့မြောက်ဘက်၊ နခေါရတ်ချ်စီမားခရိုင်၊ ဝမ်နမ်းခီယိုမှာ မေလ ၁၀ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးခဲ့တာကြောင့် အသက် ၁၈နှစ် အရွယ် မြန်မာ လုပ်သားတစ်ဦး ရေစီးထဲမျောပါ ပြီး သေဆုံး ခဲ့တယ်လို မေလ ၁၁ ရက် သတင်းမှာ ဖေါ် ပြထားပါတယ်။
 
ဘန်ကောက်မြိုအနီး နွန်သဘူခရိုင်မှာလည်း အဲ့ဒီနေ့ ညနေပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အသက် ၃၈ နှစ်နဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာဇနီးမောင်နှံ နှစ်ဦး မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
မျက်မြင်သက်သေတစ်ဦးရဲ့ မော်တော်ယာဉ်မှာ တပ်ဆင်ထားတဲ့ ကင်မရာ မှတ်တမ်းကို စစ်ဆေးရာ ဆိုင်ကယ်လဲကျသွားချိန် နှစ်ဦးလုံးကို တစ်ဖက်လမ်းက လာတဲ့ မော်တော်ယာဉ်က တိုက်မိခဲ့တာဖြစ်ပြီး တိုက်မိတဲ့ မော်တော်ယာဉ်ကတော့ မောင်း‌ပြေးသွားတာကို တွေ့ရတယ်လို့ သိရပါတယ်။
 
သေဆုံးခဲ့တဲ့ ဇနီးမောင်နှံ ရဲ့ သမီးဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့က အကြောင်းကြားထားပြီး အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်က CCTV တွေကို စစ်ဆေးပြီး ယာဉ်မောင်းသမားကို မေးမြန်း ရှာဖွေမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Photo- Khaosod English

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026