NEWS

ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၇၀၀ ကျော် လုပ်ခလစာ မရသဖြင့်ဆန္ဒပြ

CoverLogo
284 Views

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် စက်မှုဇုံ ရှိ  ဆောက်လုပ်ရေး  လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ၇၀၀ ကျော် လုပ်ခလစာ မရတဲ့ အတွက် ဆန္ဒပြတောင်းဆို လျက်ရှိတယ်လို့ ထိုင်းသတင်းဌာနများရဲ့ဖေါ်ပြချက်အရသိရပါတယ်။

ဩဂုတ်လ ၁၆ရက် ည ပိုင်း  မှာ စတင် ဆန္ဒထုတ်ဖေါ်တာ ဖြစ်ပြီး မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ၂လ စာ ကို အလုပ်ရှင် က မပေးတဲ့ အတွက် အခုလိုဆန္ဒ ထုတ်ဖေါ်တာ ဖြစ်တယ်လို့ သိရပါတယ်။

"မနေ့ညက ဆန္ဒထုတ်ဖေါ်တာ သူတို့ ဆောက်လုပ်ရေး ဆိုက်ထဲမှာပဲ ပြတာ သူဌေးက တရုတ်သူဌေး လုပ်စာ မရတာ ၂လ ရှိပြီ အလုပ်သမားတွေ မှာ စားသောက်ရေး အခက်ခဲ ဖြစ်တော့ဒေါသ ဖြစ်လာကြပြီး အခုလိုဆန္ဒပြပြီး လုပ်ခ တောင်းကျတာ အခုအလုပ်သမားထဲ မှာက အထောက်အထားမဲ့ တွေ လဲ ပါတော့သူဌေး ဘက်က ညစ်တာလို့ ထင်တယ် "လို့   မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ယမန်နေ့ညက  ဆန္ဒပြအလုပ်သမားတွေ ကို အလုပ်ရှင်ဖြစ်သူက ကနဦး အလုပ်သမားတဦးကို ဘတ် ၅၀၀ ပေး မယ်လို့ ပြောဆိုရာ အလုပ်သမားတွေက လက်မခံ​ဘဲ လုပ်အားခ အားလုံး ကို အပြည့်၀ထုတ်ပေးဖို့သာ ပြောဆိုတဲ့ ညှိနှိုင်းမှု အဆင်မပြေဘဲ လက်ရှိအချိန်ထိ တောင်းဆိုလျက်ရှိတယ်လို့သိရပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026