NEWS

ထိုင်းနိုင်ငံက တရားဝင်လုပ်သားခေါ်ယူမှု့မရှိသေးတဲ့အတွက် အလုပ်သမားများ မလာရောက်ကြဖို့နဲ့ လိမ်လည်ခေါ်ယူနေတဲ့ပွဲစားတွေကို သတိထားဖို့လိုအပ်

CoverLogo
1.8K Views

ထိုင်း-မြန်မာနယ်စပ်မြဝတီက ချစ်ကြည်ရေးတံတားဒီဇင်ဘာ ၁ ရက်နေ့ပြန်ဖွင့်မယ်လို့သတင်းတွေလွှင့်ပြီးပွဲစားတွေအနေနဲ့ လုပ်သားတွေကို လိမ်လည်ခေါ်ယူနေတယ်လို့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားအရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုရဲမင်း (AAC) ကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာကနေတဆင့်အသိ​ပေးပြောကြားခဲ့ပါတယ်။

"ထိုင်းမြန်မာချစ်ကြည်ရေးတံတား ၂စင်းလုံး ယနေ့ လုံးဝ မဖွင့်ပါ (1)ရက်နေ့ တံတားဖွင့်မယ် ဆိုပြီး ထိုင်း- မြန်မာပွဲစားများ သတင်းတင်သူများက ပူးပေါင်းလုပ်စားတဲ့ အကွက်ပါ။သတင်းထုတ်သူရော သတင်းတင်သူများပါ ကိုယ့်သတင်းကို တာဝန်ယူကြပါ။အခြေခံလူတန်းစားဆင်းရဲသားအလုပ်သမား တွေဆီကချွေးနဲစာ ပိုက်ဆံကို မတရားစားဖို့ မယုတ်မာကြပါနဲ့"လို့ကိုရဲမင်းကဆိုပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားများ ဖွင့်ဖို့ MOU နဲ့ အလုပ်သမားခေါ်ဖို့က ဒီဇင်ဘာလကုန်ထိ မသေချာသေးဘူးလို့ထိုင်းဖက်အခြမ်းမှာတာဝန်ကျတဲ့ထိုင်းအာဏာပိုင်တဦးကပြောတယ်လို့လဲဆိုပါတယ်။


''မင်းတို့ လူတွေကို ပြောလိုက်ပါ တံတားဖွင့်ဖို့ ဒီနှစ်ကုန်ပိုင်းထိ မသေချာဘူး ငွေတွေ အလိမ်ခံရမယ်'' လို့ AAC နဲ့ ရင်းနှီးတဲ့ ထိုင်းဘက်ကတာဝန်ရှိသူက ယနေ့ သတင်းပို့ပြောပြထားတယ်လို့ကိုရဲမင်းကပြောပါတယ်။

ယမန်နေ့တနေ့ထဲတင် နယ်စပ်မြဝတီမြို့ ကျောက်လုံးကြီးအလုပ်သမားရုံးနားမှာ ယနေ့ (၁)ရက်နေ့တံတားဖွင့်ပြီး MOU နဲ့သွားရမယ် ဆိုတာကြောင့် နယ်ဘက်က မသိနားမလည်သူတွေကိုပွဲစားတွေက လူသစ်စုဆောင်းခေါ်လာတဲ့အတွက် လူပေါင်း(၃၀၀)ကျော်လောက်ရောက်ရှိသောင်တင်နေတယ်လို့ဆိုပါတယ်။


"ထိုင်းမြန်မာ MOU ပွဲစားတွေကတော့ ဘယ်သူသေသေငတေမာ ပြီးရော လူစားတွေပါ။ မဟုတ်မမှန်သတင်းကို တင်တဲ့ လူတွေကလည်း ပွဲစားတွေအကြိုက် တင်ပေးတယ်အော်ပေးတယ် ကြေညာပေးတယ် ငွေရသွားတယ်။ငွေကြေးတွေ ဆုံးရှုံးအလိမ်ခံရ ဒုက္ခတွေ ရောက်သွားတာကအပေါ်ယံသတင်းတွေကို ယုံလွယ်တဲ့ အလုပ်သမားတွေပါ။ MOU နဲ့ ဘဝတွေပျက် အကြွေးသံသရာလည် မိသားစုတွေ ပြိုကွဲကုန်တာ အိပ်ယာဝင်ပုံပြင်တွေ မဟုတ်ဘူး။အာမခံချက်မရှိတဲ့ MOU စနစ်ဟာ နင်းပြားဆင်းရဲသားတွေရဲ့ သခ်ျိုင်းပဲ လို့ သုံးသပ်မိတယ်"လို့ကိုရဲမင်းကဆက်ပြောပါတယ်။

ဒါ့အပြင်ထိုင်းနိုင်ငံကိုတရားဝင် MOU စနစ်နဲ့အလုပ်လုပ်ကိုင်ဖို့လျောက်ထားပြီးစီးသူအလုပ်သမား ၆၀၀၀၀ ဝန်းကျင်ကိုပင်ယခုအချိန်အထိမပို့ဆောင်နိုင်သေးတဲ့အတွက်အလုပ်သမားများအနေနဲ့ပွဲစားတွေကို ​ငွေကြိုမပေးကြဖို့နဲ့ ပွဲစားတွေအလုပ်သမားရေးတက်ကြွလှုပ်ရှားသူအမည်ခံတွေပေါင်းလွှင့်တဲ့သတင်းအမှားတွေကိုမယုံကြည်ကြဖို့လဲကိုရဲမင်းကတိုက်တွန်းထားပါသေးတယ်။

ပုံစာ- မဲဆောက်ချစ်ကြည်ရေးတံတား အမှတ်(1)ပိတ်ထားတဲ့ မြင်ကွင်း


Related posts

Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026
Cover
ILTERU Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများ နှစ်ချီကြာအောင် လူမှုဖူလုံရေး ကတ်မရ
Mar 07, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Asdet Myanmar Garment စက်ရုံ HR အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြီး ရေဗူး ရောင်းစား
Mar 05, 2026
Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026