NEWS

ထိုင်းနိုင်ငံ အတွင်း ကုန်တင်ကားပေါ် လိုက်ပါလာသည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ထပ်မံ အဖမ်းခံရ

CoverLogo
182 Views
 
ထိုင်းနိုင်ငံ ရတ်ချဘူရီ ပြည်နယ် ဖတ်ကဆမ် လမ်းပေါ် စစ်ဆေးရေး ဂိတ်တွင် ကုန်တင်ကား တစ်စီး ကို ဖေဖေါ်ဝါရီ ၁၄ ရက် မနက်ပိုင်း က စစ်ဆေး ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် ကို စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးကို ချွန်အမ်ရဲတပ်ဖွဲ့က ကြားဖြတ်စစ်ဆေးခဲ့ရာ ကုန်တင်ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀၆ ဦး လိုက်ပါလာကာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦး၊ ကလေးငယ်၁၁ ဦး တို့ ပါဝင်ကြောင်း သိရပါတယ်။
 
ယာဉ်မောင်းဖြစ်သူ ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ရတ်ချဘူရီ ခရိုင်မှ Songkhla ရှိ Hat Yai ခရိုင်အထိ မြန်မာ အလုပ်သမား တွေကို ပို့ဆောင်ပေးဖို့ ငှားရမ်းထားကြောင်း ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။
 
၎င်းတို့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ မှောင်ခိုကူးမှုဖြင့် အရေးယူထားကာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ ကိုတော့ မွေးရပ်မြေသို့ ပြန်ပို့ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၀ရက်နဲ့၁၁ရက် တွင် လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ရာဘာခြံအတွင်း ပွဲစားက စွန့်ပစ်ခဲ့တာကြောင့် မြန်မာအလုပ်သမား၁၀၀ကျော် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Related posts

Cover
လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ
Aug 25, 2025
Cover
Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ
Aug 24, 2025
Cover
LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်
Aug 23, 2025
Cover
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ
Aug 23, 2025
Cover
SHWE MYINN ရေလျှော်စက်ရုံ အချိန်ပို ညလုံးပေါက် လုပ်ကိုင်ခိုင်း
Aug 22, 2025
Cover
Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Aug 22, 2025
Cover
Sky Fashion Myanmar လုပ်ခ လျှော့ပေးသည့်အပြင် လစာခွဲခြားပေး၊ အလုပ်ထုတ်
Aug 22, 2025
Cover
ပိတ်လိပ်ခိုးယူသည်ဟုစွပ်စွဲခံရသည့် အလုပ်သမား ၂ ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ
Aug 21, 2025