NEWS

ထိုင်းနိုင်ငံ သို့ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော် ထပ်မံအဖမ်းခံရ

CoverLogo
548 Views
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲရာမတ် မြို့နယ် နယ်စပ်မှာ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၄ ဦး အဖမ်းခံရတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။
 
အောက်တိုဘာ၂၆ရက် မနက်အစောပိုင်းမှာ မဲရာမတ်မြို့နယ်၊ နမ်ဒစ်ဘွန်ဝမ်ရွာအနီး မှာ နိုင်ငံခြားသား လုပ်သားတွေ တရားမဝင် ဝင်ရောက်လာကြောင်း သတင်းရရှိတဲ့ အတွက် တပ်ရင်း (၃၅) အထူးတပ်ဖွဲ့မှ လုံခြုံရေးအဖွဲ့များနဲ့ ကင်းလှည့်စစ်ဆေးမှု ပြုလုပ်ရာ မှ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အုပ်စုတစ်စုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသား၄၃ဦး၊ အမျိုးသမီး ၂၁ဦး စုစုပေါင်း မြန်မာရွှေ့ပြောင်းလုပ်သား ၆၄ဦး နဲ့ ခိုးဝင်ရန်အကူအညီပေးတဲ့ ပွဲစား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
၎င်းတို့နဲ့အတူ အကြိုအပို့ ပြုလုပ်တာမှာ အသုံးပြုတဲ့ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးတို့ကိုလည်းသိမ်းဆည်းရမိကာ ဖမ်းမိခံရသူတွေ အားလုံးကို မဲရာမတ်မြို့နယ် ရဲစခန်း သို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ယခုတစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နေ့တိုင်းနီးပါး ရှိနေပြီး အာဏာပိုင်တွေ ဖမ်းဆီးစဉ် ထွက်ပြေးတိမ်းရှောင်ရင်း ယာဉ်မတော်တဆ ဖြစ်မှု တွေကြောင့်သေဆုံး ဒဏ်ရာရသူတွေပါ ရှိကြောင်း သိရပါတယ်။
Ref-ข่าว สีรุ้ง

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026