NEWS

ထိုင်းနိုင်ငံ တွင် အလုံပိတ်ကုန်တင်ကားအတွင်း တရားမဝင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၆ ဦး အဖမ်းခံရ

CoverLogo
382 Views
 
ထိုင်းနိုင်ငံ အတွင်း ကို အလုံပိတ်ကုန်တင်ကားနဲ့ တရားမဝင် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား၁၆ဦး ကို ထိုင်းအာဏပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
ဇူလိုင် ၁၀ရက် မနက် အစောပိုင်းက တာ့ခရိုင် မဲဆောက်မြို့ကလာတဲ့ ကားနှစ်စီး ကို ဖယုဟာ ခီရီ (Phayuha Khiri) ခရိုင် စစ်ဆေးရေးဂိတ်မှာ မသင်္ကာတဲ့တဲ့ အတွက် စစ်ဆေးခဲ့ရာ ကနေ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား၁၆ဦးမှာ အမျိုးသား ဆယ်ဦး၊ အမျိုးသမီးခြောက်ဦး တို့ဖြစ်ပြီး၎င်းတို့နဲ့ အတူ မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံသား ၁၆ဦးမှာ ကုန်ကား ပေါ် မှာ သီးသန့် ပြုလုပ်ထားတဲ့ အလုံပိတ်အခန်း အတွင်း ကနေ လိုက်ပါ လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ကားသမားဖြစ်သူ ထိုင်းနိုင်ငံသားရဲ့ ပြောကြားချက်အရ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို မဲဆောက်မြို့ကနေ အယုဒ္ဓယခရိုင်ကို ပို့ဆောင်ပေးဖို့အတွက် ထိုင်းဘတ်ငွေ တစ်သောင်းဖြင့် အမည်မသိသူတစ်ဦးက ပို့ဆောင်ပေးရန် ငှားရမ်းတဲ့အတွက် ပို့ဆောင်ပေးရတာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
 
အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအတွက် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။
 
Photo-Bangkok Post

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026