ထိုင်းနိုင်ငံ မဟာချိုင်ရှိကေသုန်ဘန်ဖီတံတားပေါ်မှ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို ထိုင်းနိုင်ငံအခြေစိုက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီMHACအဖွဲထံက သိရပါတယ်။
အဆိုပါ အမျိုးသမီးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို မှ ထိုင်းနိုင်ငံကို လာရောက်သူ ဖြစ်တဲ့ ရခိုင်လူမျိုး မဇင်မာဝင်းဖြစ်ကာ အသက်(၂၅)နှစ် ခန့် ရှိတယ်လိုဆိုပါတယ်။
ဇွန်လ ၉ရက် ည ၈နာရီ အချိန်လောက် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး လက်ရှိမှာ မဟာချိုင် စာမူဆာခွန် ဆေးရုံ ICUအရေးပေါ်ခန်းမှာ ဆေးကုသမှု ခံယူနေရတယ်လို သိရပါတယ်။
ယခု ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဘန်ထိုလပ်ရ် ကေသုန် ရဲစခန်းတွင် မဇင်မာဝင်း၏ အမျိုးသားဖြစ်သူမှ မဇင်မာဝင်းမှာ မိမိ၏ အမျိုးသမီးဖြစ်ကြောင်း ၊ မိမိ မှာ အခင်းဖြစ်ပြီး နောက်ရက်မှ သာ ဒီဖြစ်စဥ်ကို သိရှိခဲ့ရကြောင်းနှင့် လွန်စွာဝမ်းနည်းရပါကြောင်း ကနဦး အသိပေး အကြောင်းကြားခဲ့တယ်လို သိရပါတယ်။