NEWS

ထိုင်းထီ ဘတ် ၆ သန်းနှစ်ဆု နှင့် ဘတ်၁၂သန်းဆုများကို မြန်မာလုပ်သား ၃ဦး ဆွတ်ခူး

CoverLogo
470 Views
 
၂၀၂၆ခုနှစ် ဇန်နဝါရီ ၂ရက်က ထွက်ရှိခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ဘတ်၆သန်း ဆု နှစ်ဆု နဲ့ ဘတ်၁၂သန်း ဆု ကို မြန်မာ ၃ဦးက ရရှိခဲ့တယ်လို့ ၄ဆုထုတ်ယူရေးကိစ္စကိုကူညီပေးတဲ့ မြန်မာအလုပ်သမားမဟာမိတ် MHAC အဖွဲ့ထံကနေ သိရပါတယ်။
 
ထိုင်းအစိုးရ ထီ ဘတ်၆သန်းဆု တစ်ဆု ကို ဆွတ်ခဲ့သူတစ်ဦးမှာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ကနေ ထိုင်းနိုင်ငံချွန်ဘူရီခရိုင် မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား တစ်ဦးဖြစ်ပြီး နောက်ထပ် ဘတ်၆သန်း ဆုကို ဆွတ်ခူးခဲ့သူကတော့ ပဲခူးတိုင်းဒေသကြီးကနေ ထိုင်းနိုင်ငံ စာမွတ်ဆာခွန် ခရိုင် အုန်းနွဲ့၊အုန်းရိုင် မှာ အလုပ်လုပ်ကိုင်​နေတဲ့ မြန်မာလုပ်သား ဇနီးမောင်နှံတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
နောက်ထပ် ထိုင်းထီပထမဆု ဘတ်၆သန်း ၂စောင်တွဲ ဘတ်၁၂သန်း ကံထူးရှင်မှာ မြန်မာ နိုင်ငံ ပဲခူးတိုင်းဒေသကြီး အတွင်း နေထိုင်တဲ့ မိသားစုတစ်စုမှ ကံထူးသွားခဲ့ ခြင်း ဖြစ်ကာ ကံထူးရှင် ၃ဦးရဲ့ ဆုငွေတွေကို ထုတ်ယူပေးဖို့ အေအေစီရဲမင်းဦးဆောင်တဲ့ MHAC အဖွဲ့ ထံ ကို အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
အခုလို အကူညီတောင်းခံ လာမှု အပေါ် MHAC မဟာမိတ်အဖွဲ့မှ ဇန်နဝါရီ ၅ရက်နေ့တွင် ဘတ်၆သန်းကံထူးရှင်၂ဦးနဲ့ ဇန်နဝါရီ ၆ရက်နေ့တွင် ဘတ်၁၂သန်း ကံထူးရှင် မိသားစုတို့ကို နေ့ချင်းပြီး ဆုငွေထုတ်ယူ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 
ဆုငွေရရှိတဲ့ ပထမဆု ဘတ်(၆)သန်းကံထူးရှင် နှစ်ဦးနဲ့ ပထမဆုနှစ်စောင်တွဲဘတ်(၁၂)သန်း ကံထူးရှင်တို့မှလည်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ရေရှည် ရပ်တည်နိုင်ရေးအတွက် နှင့် 𝐌.𝐇.𝐀.𝐂 အဖွဲ့သားများအတွက် ပြန်လည်လှူဒါန်းပေးခဲ့တဲ့ အပြင် 𝐌.𝐇.𝐀.𝐂 ရုံးမှာ ခိုလှုံနေရတဲ့ အခက်ခဲ ဖြစ်နေသူ အားလုံးအတွက် ငွေကြေးလှူဒါန်းမှုများပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။
 
ယခင် AAC အဖွဲ့ မှ ယခု 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ အထိ အေအေစီရဲမင်း မှ တာဝန်ယူဉီးဆောင်၍ ထိုင်းထီ ပေါက်တဲ့ မြန်မာ တွေကို ထီဆုငွေများ ထုတ်ယူပေးနိုင်ခဲ့ရာနှစ်စောင်တွဲ ကံထူးရှင် ၈ ဦး အပါအဝင် စုစုပေါင်း ၆၂ ဦးမြောက်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026