NEWS

ထိုင်းတွင် သက်တမ်းလွန်နေထိုင်ပါက တစ်ရက်လျှင်ဘတ် ၅၀၀ မှ ၂၀၀၀၀ အထိ ပေးဆောင်ရန် အရေးယူမယ်လို့ ထိုင်းရှိမြန်မာသံရုံးကြေညာ

CoverLogo
500 Views

ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လုပ်ကိုင်နေတဲ့  မြန်မာအလုပ်သမားတွေ အနေနဲ့ နိုင်ငံအတွင်း သက်တမ်းလွန်နေ ထိုင်ပါက မည်သည့်အထောက်အထားလက်မှတ်ကိုင်ဆောင်သူမဆို   တစ်နေ့လျှင်ဘတ်ငါးရာမှ နှစ်သောင်းအထိ အရေးယူသွားမှာဖြစ်ပြီး ပြည်ဝင်ခွင့်ပိတ်တဲ့အထိ အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၈ မှာ ထုတ်ပြန်ပါတယ်။


"ဟုတ်တယ်။ အရင်ကတည်းကအဲ့လိုစည်းကမ်းရှိတယ်ဆိုပေမဲ့ အရင်ကတော့အခုလိုမတင်းကြပ်ဘူး။ အခုမှ တင်းတင်းကြပ်ကြပ်လုပ်လာတာပါ။  အရေးယူမှာက ဘတ် ၅၀၀ ကနေ ဘတ် နှစ်သောင်း အထိပြောတာ။ မြန်မာ ငွေနှစ်သောင်းမဟုတ်ဘူး။ လို့  ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက မှတ်ချက်ပေးပါတယ်။


ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)အရ   နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအေလးထား အရေးယူဆောင်ရွက်လျက်ရှိရာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်းမရှိ(မရှိ)ဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများကို  လူဝင်မှု ကြီးကြပ်ရေးဗျူရိုအနေဖြင့်အရေး ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။  


အရေးယူမှုပြုလုပ်ရာမှာ  ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများအနေနဲ့    မည်သည့်အထောက်အ ထားကိုင်ဆောင် လက်မှတ်ကိုင်ဆောင်သူမဆို သက်တမ်းလွန်နေထိုင်ပါက  တစ်ရက်လျှင် ဘတ် ၅၀၀/- နှုန်းဖြင့် စုစုပေါင်း ၂၀,၀၀၀/- ထက်မပိုသော ဒဏ်ကြေးငွေအား လူဝင်မှုကြီးကြပ်ရေးဗျူရိုသို့  မဖြစ်မနေပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 


ဒါ့အပြင် သက်တမ်းလွန်နေထိုင်သူများနေထိုင်ခဲ့တဲ့  သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ရာ  ရက်ပေါင်း (၉၀) နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၁) နှစ်ပိတ်ပင်ခံရမှာဖြစ်ပြီး (၁)နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၃)နှစ်ပိတ်ပင်ခံရမည်ဖြစ်ကာ (၃) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၅)နှစ်အထိ၊  (၅) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၁၀) နှစ်အထိ စသည်ဖြင့် ထိုင်းနိုင်ငံအတွင်း၀င်ရောက်ခွင့် ပိတ်ပင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 


ယခုလိုမျိုးစည်းကမ်းတင်းကြပ်လိုက်တာဖြစ်လို့  ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို   သတိပြုလိုက်နာဖို့နဲ့ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ ဒဏ်ကြေးပေးဆောင်ရခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံ ရခြင်းတို့ မဖြစ်ပွားစေရန် သတိပြုဖို့အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026