NEWS

ထိုင်းတွင် မြန်မာအလုပ်သမားအချင်းချင်းသတ်ကာ  လက်ဝတ်ရတနာ များယူဆောင်မှု ဖြစ်ပွား

CoverLogo
243 Views

ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်မှာ မြန်မာအလုပ်သမား အချင်းချင်းသတ်ကာ  လက်ဝတ်ရတနာပစ္စည်းတွေ လုယက် ယူဆောင်သွားခဲ့မှု အောက်တိုဘာ ၂၅ရက် ည၁၀နာရီ ခွဲ လောက်က  ဖြစ်ပွားခဲ့တယ်လို့ထိုင်းနိုင်ငံအခြေစိုက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်၊ စိုင်-၅၊ အမှတ်(၄၂)မှာ နေထိုင်ပြီး ဘောပင်ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မသီရိမွန်(၃၀)နှစ်ကို အမည်၊ အသက်အရွယ်စုံစမ်းဆဲ မြန်မာအမျိုးသားလုပ်သားက သူမ နေထိုင်ရာအခန်းအတွင်းမှာတင် သတ်ဖြတ်ပြီး မသီရိမွန်ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ယူဆောင်ကာထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

WAG အလုပ်သမားမဟာမိတ် အဖွဲ့ထံကိုတော့ အောက်တိုဘာ ၂၇ ရက် နေ့လယ် ၂ နာရီမှာ လာရောက်အကူအညီတောင်းခံခဲ့တာလို့ သိရပါတယ်။ 

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် WAG အဖွဲ့က ထိုင်းနိုင်ငံတာဝန်ရှိတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ 

 


Related posts

Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025
Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025