NEWS

ထိုင်းတွင် မြန်မာအလုပ်သမား ၄ ဦး အရက်သောက် ရင်း စကားများရန်ဖြစ်ရာမှ ၂ဦးသေဆုံး

CoverLogo
418 Views

ထိုင်းနိုင်ငံ ဘန်ကောက် တွင် အလုပ်အတူတူ လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၄ဦး မှာ အရက်သောက်ရင်း စကားများရန် ဖြစ်ရာ ကနေ ၂ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေ ရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

အောက်တိုဘာ၂၈ရက် ညသန်းခေါင်အချိန်မှာ ဘန်ကောက်မြို့၊ တလင်ချန်နယ်မြေ၊ ဘလုံလာချချွန်မနီလမ်းရှိ ကျောက်ပြား ထုတ်လုပ်တဲ့ စက်ရုံ မှာ  အလုပ်  လုပ်ကြတဲ့ မြန်မာအလုပ်သမား ၄ဦးမှာ  အရက်အတူထိုင်သောက်ရာကနေ စကားများရန်ဖြစ်ခဲ့ကြတာ လို့ဆိုပါတယ်။ 

ထိုသို့ ရန်ဖြစ်နေချိန် မှာ အသက် ၂၉ နှစ်အရွယ်ရှိ ထက်ဦး ဆိုသူ က အသက် ၂၇ နှစ်အရွယ် ကျော်ခိုင်လင်း ကို ဓားနဲ့ စတင်ထိုးပြီးနောက် အသက် ၂၇ နှစ်အရွယ် စိုးဖြိုးအောင် ကို ထပ်မံထိုးတဲ့ အတွက် ၎င်းတို့  နှစ်ဦးမှာ အခင်းဖြစ်ရာ နေရာမှာပင် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။ 

ကျန်မြန်မာအလုပ်သမားတစ်ဦး ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် အာဒမ်(Adam)ကို လည်းတိုက်ခိုက်ခဲ့တဲ့ အတွက်  စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ ကာ စိလိလာ့တ်ဆေးရုံကြီးမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ဘန်ကောက် တာလိန်းမြို့မရဲစခန်း မှာ ဓားဖြင့်ထိုးခဲ့တဲ့  ကျူးလွန်သူ မြန်မာအလုပ်သမား  ထက်ဦး  အား ဖမ်းဆီးရမိထားပြီး  စုံစမ်းစစ် ဆေးမှုများပြုလုပ်ကာဥပဒေအရ အရေးယူရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။ 

 


Related posts

Cover
ပွဲစားခ ဘတ်၂သောင်းကျော် ပေးပြီး ထိုင်းသို့လာသော မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံရ
Feb 27, 2026
Cover
ထိုင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်သာလာရောက်ကြရန် စစ်ကောင်စီအလုပ်သမားသံရုံး အသိပေး
Feb 26, 2026
Cover
၂နှစ်အတွင်း ပြည်ပတွင် အဖမ်းခံရသည့် မြန်မာ နိုင်ငံသား ၁၇၀၀၀နီးပါးရှိ
Feb 26, 2026
Cover
မြန်မာလုပ်သား ၅၀ ကျော် တင်ဆောင်လာသည့်ကား ရဲဖမ်းခံရမည်စိုး၍ မောင်းပြေးရာ တိမ်းမှောက်ပြီး လူအများအပြားဒဏ်ရာ
Feb 26, 2026
Cover
အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်တွေ့နေ
Feb 25, 2026
Cover
ပွဲစားခ ဘတ် ၁၃၀၀၀ ပေးရပြီး ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ ပုန်းအောင်းလိုက်ပါလာရသည့် မြန်မာလုပ်သား ၁၄ ဦးအဖမ်းခံရ
Feb 25, 2026
Cover
ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိသဖြင့် နှာခေါင်းစည်းတပ်ရန် တိုက်တွန်း
Feb 24, 2026
Cover
ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၄ ဦး လျှော်ကြေး ဘတ် ၁ သန်းကျော်ရရှိမည်
Feb 24, 2026