NEWS

ထိုင်းတွင် မြန်မာအလုပ်သမား ၄ ဦး အရက်သောက် ရင်း စကားများရန်ဖြစ်ရာမှ ၂ဦးသေဆုံး

CoverLogo
364 Views

ထိုင်းနိုင်ငံ ဘန်ကောက် တွင် အလုပ်အတူတူ လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၄ဦး မှာ အရက်သောက်ရင်း စကားများရန် ဖြစ်ရာ ကနေ ၂ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေ ရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

အောက်တိုဘာ၂၈ရက် ညသန်းခေါင်အချိန်မှာ ဘန်ကောက်မြို့၊ တလင်ချန်နယ်မြေ၊ ဘလုံလာချချွန်မနီလမ်းရှိ ကျောက်ပြား ထုတ်လုပ်တဲ့ စက်ရုံ မှာ  အလုပ်  လုပ်ကြတဲ့ မြန်မာအလုပ်သမား ၄ဦးမှာ  အရက်အတူထိုင်သောက်ရာကနေ စကားများရန်ဖြစ်ခဲ့ကြတာ လို့ဆိုပါတယ်။ 

ထိုသို့ ရန်ဖြစ်နေချိန် မှာ အသက် ၂၉ နှစ်အရွယ်ရှိ ထက်ဦး ဆိုသူ က အသက် ၂၇ နှစ်အရွယ် ကျော်ခိုင်လင်း ကို ဓားနဲ့ စတင်ထိုးပြီးနောက် အသက် ၂၇ နှစ်အရွယ် စိုးဖြိုးအောင် ကို ထပ်မံထိုးတဲ့ အတွက် ၎င်းတို့  နှစ်ဦးမှာ အခင်းဖြစ်ရာ နေရာမှာပင် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။ 

ကျန်မြန်မာအလုပ်သမားတစ်ဦး ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် အာဒမ်(Adam)ကို လည်းတိုက်ခိုက်ခဲ့တဲ့ အတွက်  စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ ကာ စိလိလာ့တ်ဆေးရုံကြီးမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ဘန်ကောက် တာလိန်းမြို့မရဲစခန်း မှာ ဓားဖြင့်ထိုးခဲ့တဲ့  ကျူးလွန်သူ မြန်မာအလုပ်သမား  ထက်ဦး  အား ဖမ်းဆီးရမိထားပြီး  စုံစမ်းစစ် ဆေးမှုများပြုလုပ်ကာဥပဒေအရ အရေးယူရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။ 

 


Related posts

Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025
Cover
ဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် တိုင်ကြား
Oct 16, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ (ရုပ်သံသတင်း)
Oct 15, 2025