NEWS

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၂၀၀ ကျော်ကို စစ်ကောင်စီထံပြန်ပို့

CoverLogo
468 Views
 
၂၀၂၅ ခုနှစ် အတွင်း ထိုင်းနိုင်ငံ အတွင်းအကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သား ၁၂၀၀ ကျော်ကို စစ်ကောင်စီ ထံလွှဲပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သားတွေကို စစ်ကောင်စီထံလွှဲပြောင်းပေးတာမှာ ဇန်နဝါရီလ တွင် ၁၄၉ဦး၊ ဖေဖေါ်ဝါရီလ တွင် ၂၀၀ဦး၊ မတ်လ တွင် ၂၅၀ဦး၊ ဧပြီ လ တွင် ၂၀၈ဦး၊ မေလ တွင် ၈၁ဦး၊ဇွန်လတွင် ၁၃၁ ဦးတစ်ကြိမ်၊ ၉၈ ဦးတစ်ကြိမ်နဲ့ နှစ်ကြိမ်ခွဲကာ ပြန်လွှဲပေးပို့ခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၃၀ ရက်က ၁၆၂ ဦးကို ထပ်မံ လွှဲပို့ခဲ့တာ ယခုနှစ် အတွင်းစုစုပေါင်း ၁၂၇၉ ဦး လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရပါတယ်။
 
မြန်မာ လုပ်သားတွေ ကို ရနောင်းဆိပ်ကမ်းကတစ်ဆင့် စက်လှေများ နဲ့ မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ လွှဲပြောင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
နေရပ်ပြန်ပို့ ခံရတဲ့ လုပ်သားတွေ ထဲ မှာ အသက် ၃၅ နှစ်အောက် အမျိုးသားတွေ အများဆုံးပါဝင်ပြီး မြန်မာနိုင်ငံ အတွင်း လက်ရှိအခြေနေဟာ စစ်မှုထမ်း ရန် အမျိုးသား တွေကို အတင်းအဓမ္မခေါ်ဆောင်ခံရချိန် ဖြစ်တဲ့ အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ လူမှု့အဖွဲ့အစည်းတွေ က ထိုင်းအာဏာပိုင်တွေထံ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သားတွေ ကို နေရပ်ပြန်မပို့ဖို့ တောင်းဆို ထားပါတယ်။
 
သို့ပေမယ့် ထိုင်းအာဏာပိုင်တွေ ဘက် မှ လစဉ် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၁၀၀ ကျော် ကို စစ်ကောင်စီ ထံ လွှဲပြောင်း ပေးပို့ လျက်ရှိပြီး ပြန်ပို့ ခံရသူတွေ ထဲ မှ စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်ခံရသူတွေ လည်း များစွာရှိနေတယ်လို့ စစ်မှုထမ်း စုဆောင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026