NEWS

ထိုင်းတွင် စက်ရုံရှိဓါတုရည်သိုလှောင်ကန် ပေါက်ကွဲ မှုကြောင့် မြန်မာအလုပ်သမား ၂ ဦးသေဆုံး

CoverLogo
354 Views

ထိုင်းနိုင်ငံ  ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီ ရှိ စက်ရုံ တစ်ခု ရဲ့ ဓါတုရည်သိုလှောင်ကန် ပေါက်ကွဲ တာကြောင့် စက်ရုံ မှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားနှစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။ 

အောက်တိုဘာ၂၆ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဓါတုသိုလှောင်ကန်မှာ ဓါတုပစ္စည်း တွေ ရောနှော နေစဉ်မှာ ပေါက်ကွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပေါက်ကွဲတာကြောင့် မြန်မာ အလုပ်သမား နှစ်ဦး သေဆုံးခဲ့တဲ့ အပြင် အလုပ်သမား ၁၀ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။ 

သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်ကာ ဓါတုဆေးရည် တွေကို ထည့်တဲ့ အတွက် အခုလိုပေါက်ကွဲ တာ ဖြစ်တယ်လို့ ဆိုကာအသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ 

ယခုစက်ရုံ မှာ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား အလုပ်သမား ၂၃၂ ဦးရှိပြီး အများစုမှာ မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ သိရပေမယ့် ဒဏ်ရာရရှိသူထဲမှာ မြန်မာနိုင်ငံသား မည်မျှပါရှိတယ်ကိုတော့  ဖေါ်ပြရေးသားထားတာမတွေ့ရှိရသေးပါဘူး။ 

ထိခိုက်သူ ၁၀ ဦးကျော်မှာလည်း  အနီရောင်အဆင့် လူနာများတယ်လို့သိရပြီး၊ ဓါတုငွေ့များကြောင့် အသက်ရှူလမ်းကြောင်း အန္တရာယ်
ဖြစ်နိုင်တယ်လို့ သိရကာ ၎င်းစက်ရုံ အနီး ကို လည်း သွားလာမှု မပြုဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026