NEWS

ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ

CoverLogo
418 Views
 
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ် ဟက်ယိုင်မြို့ရေကြီးနေမှုမှာကျဆင်းသွားခြင်းမရှိဘဲ ရေပိုမိုတိုးလာသောကြောင့် ရေဘေးကြုံတွေ့နေရသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအကူအညီလိုအပ်နေကြောင်း ဟက်ယိုင်မြို့နေအလုပ်သမားများမှသိရပါတယ်။
 
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရက်ပေါင်းများစွာဆက်တိုက်မိုးရွာသွန်းခဲ့သည့်အတွက် ရေကြီးမှုအန္တရာယ်များကြုံတွေ့နေရခြင်းဖြစ်ပါတယ်။
 
ရေကြီးမှုအန္တရာယ်ကိုအဆိုးဆုံးခံစားနေရသည်မှာဆုန်ခလာပြည်နယ် ဖြစ်ပြီး အဓိကမြို့ဖြစ်သောဟက်ယိုင်မှာရေလျင်မြန်စွာမြင့်တက်နေခြင်းဖြစ်ပါတယ်။
 
"ကျွန်မတို့စက်ရုံဆိုမိုးစရွာတဲ့နေ့ထဲကရေကြီးတာ။လေးရက်ရှိသွားပြီ။ကယ်ဆယ်ရေးတွေလာကူညီပေးကြပါတယ်။အခုလက်ရှိအချိန်မှာတော့ပင်လယ်ဝနဲ့နီးတဲ့နေရာတွေကရေပြန်မကျသေးဘူး။ဒီမှာအခုအခြေအနေအခက်အခဲအများဆုံးဖြစ်နေတာ ပန်းရံသမားတွေဆောက်လုပ်ရေးလုပ်သားတွေပါ။အများစုသူဌေးတွေကိုယ်လွတ်ရုန်းပြေးကြတယ်။သူတို့တွေကူမဲ့လူသိပ်မရှိဘူး။အကူအညီတွေလိုအပ်နေပါတယ်။ညီမတို့ထက်စာရင် နာရီစင်ဘက်မြေနိမ့်ပိုင်းကလူတွေအကူအညီတွေပိုလိုအပ်ပါတယ်။မြန်မာပရဟိတအဖွဲ့တွေလည်းလာကူညီစေချင်ပါတယ်"လို့ဟက်ယိုင်မြို့ရှိမြန်မာအလုပ်သမား တစ်ဦးမှပြောပါတယ်။
 
တိုင်နိုင်ငံတောင်ပိုင်းပြည်နယ်၁၀ခုတွင်ရေကြီးနေခြင်းဖြစ်ပြီး လူဦးနှစ်သန်းနီးပါထိခိုက်နေကြောင်း ထိုင်းသဘာဝဘေးအန္တာရာယ်ကာကွယ်လျှော့ချရေးဌာနမှနိုဝင်ဘာ၂၄ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။
 
"ကျွန်တော်ကတော့ဟက်ယိုင်နဲ့မိနစ်၂၀လောက်ဝေးတယ်။ဟက်ယိုင်အဝင်မြို့မှာနေတာပါ။၇ရက်လောက်ရှိပြီမိုးကရွာနေတာ ။မနေ့ညကဆိုမိုးကအရင်ထက်ပိုများတယ်။အခန်းထိရေရောက်တယ်။ဟက်ယိုင်ဘက်ကသူငယ်ချင်းတွေအကုန်လုံးကတော့သူတို့အခန်းတွေကိုမနေ့ကထဲကရေရောက်တယ်ပြောတယ်။မိုးကမတိတ်ဘူးဖြစ်နေတာ။ဆက်တိုက်ရွာနေတာ။တိတ်လည်းနာရီဝက်လောက်ဘဲတိတ်သွားတာ”လို့မြန်မာစက်ရုံအလုပ်သမား ကို လူကြီးမှပြောပါတယ်။
 
ထိုင်းနိုင်ငံတောင်ပိုင်းရေကြီးမှုများနှင့်ပတ်သက်၍ ထိုင်းဘုရင်မင်းမြတ်မှလည်း ရှိသမျှအင်အားအကုန်သုံးကာ ကယ်ဆယ်ရေးလုပ်ရန်အမိန့်ပေးထားပြီး ထိုင်းတော်ဝင်စစ်တပ်၊ရေတပ်၊လေတပ်နှင် ့ပြည်ထဲရေးတို့ပူးပေါင်းကာ ပြည်သူလူထုကိုကယ်တင်ရန်ညွှန်ကြားထားကြောင်းသိရပါတယ်။
 

Related posts

Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026