NEWS

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးမည့် Mobile Unit တစ်ခု ဖွင့်လှစ်မည်။

CoverLogo
264 Views
 
ထိုင်နိုင်ငံတောင်ပိုင်း ကရာဘီ မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရေး Mobile Unit တစ်ခုကို ထပ်မံ ဖွင့်လှစ်ပေးမယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
 
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ထုတ်ပေးရေး စခန်းတွေ ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်ကစပြီး စမုစခွန်၊စမုပရာကန်၊ချင်းမိုင်နဲ့ဆူရတ်ဌာနီပြည်နယ်တွေမှာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံတောင်ပ်ိုင်းမှာ တော့ ဆူရတ်ဌာနီက CI စခန်း တစ်ခုသာရှိတဲ့ အတွက် တောင်ပိုင်းက မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာတဲ့ ရှိစမုစခွန်နဲ့စမုပရာကန်ရှိ CI စခန်းတွေမှာ လာရောက် လုပ်ဆောင်ရတာကြောင့် ၎င်းစခန်းတွေမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်ပေါ်နေတယ်လို့ စစ်ကော်မရှင်ရဲ့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ဖူးခက်၊ဖန်းငနဲ့ကော်စမွီး စတဲ့ ကျွန်းတွေရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အဆင်ပြေစေဖို့ ကရာဘီမှာ CI ထုတ်ပေးရေး Mobile Unit တစ်ခုကို လာမယ့်အောက်တိုဘာ ၁၀ရက်က စတင်ဖွင့် လှစ်ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
CIစာအုပ် ပြုလုပ်ရာမှာ ကုန်ကျစရိတ်ကို ဘတ်၂၆၇၀ သာ ကျသင့်မယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပေမယ့် မြေပြင်မှာတော့ သတ်မှတ်ဈေးထက် များစွာကုန်ကျနေတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေထံက သိရပါတယ်။
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026