NEWS

ထိုင်းတာယာစက်ရုံတွင် လက်ကောက်ဝတ်ဆုံးရှုံးခဲ့ရသော မြန်မာလုပ်သား လျော်ကြေးဘတ် ၈ သိန်းကျော်ရရှိ

CoverLogo
223 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် လယောင်မြို့ရှိကားတာယာစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသောမြန်မာ(PJ)အလုပ်သမား ကိုအောင်ကိုဝင်းသည်လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ကောက်ဝတ်ဆုံးရှုံးခဲ့ရခြင်းအတွက် လူမှုဖူလုံရေးအာမခံမှ နစ်နာကြေး ဘတ်၈သိန်းကျော်ရရှိခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
ကိုအောင်ကိုဝင်းသည် ဧပြီ ၇ ရက် နံနက်၈နာရီခန့်တွင် ကားတာယာစက်ရုံတွင်အလုပ်လုပ်နေရင်းမတော်တဆထိခိုက်မှုဖြစ်ပြီး ဘယ်ဘက်လက်ကောက်ဝတ်ဖြတ်လိုက်ရခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"သူကပကန် ( လူမှုဖူလုံရေး) ဆောင်ထားတဲ့အတွက်ပကန်ကနေလျော်ကြေးဘတ် ၈ သိန်းကျော်ရတာပါ။သူဌေးကစဖြစ်ဖြစ်ချင်းမှာတော့အလုပ်သမားမှာပန်ကန်ရှိတော့ပန်ကန်ကိုအကြောင်းကြားလိုက်တယ်။
 
အဓိကအားနည်းချက်ကတော့စက်ရုံကမြန်မာစကားပြန်တွေပေါ့ သူတို့ကဆက်လက်ပြီးဘာသာမပြန်ပေးတော့ဘူး။ဆေးရုံရက်ချိန်းတွေကိုမပို့ပေးတော့ဘူး။ဒါမျိုးတွေဖြစ် တာ။အဲ့ဒီအတွက်ကျွန်တော်တို့တွေကိုအကူအညီတောင်းတယ်။ကျွန်တော်တို့တွေကဆေးရုံကိုပို့ပေးတယ် ။ပန်ကန်စခွန်ကိုအကြောင်းကြားတာတွေလုပ်တယ် ဆုံးရှုံးသွားတဲ့လက်တိုင်းထွာတာကအစကျွန်တော်တို့ကူညီဆောင်ရွက်ခဲ့ပါတယ်”လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်း​ဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
ကို​​အောင်ကိုဝင်းရဲ့လက်ကောက်ဝတ်ဆုံးရှုံးခဲ့ရမှုအပေါ် နစ်နာကြေးပေးရန် စက်ရုံဘက်မှ
တာဝန်ယူခြင်းမရှိသည့်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့သို့ စက်တင်ဘာ၁၂ရက်တွင်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"လျော်ကြေးငွေဘတ်ရှစ်သိန်းကျော်ရပါတယ်။အခုလိုကူညီပေးလို့လည်း ရာခိုင်နှုန်းအနေနဲ့ယူတယ်ဆိုတာမျိုး WAG အဖွဲ့မှာမရှိပါဘူး။WAG ရုံးမှာအခုမှီခိုနေထိုင်ခဲ့ရတဲ့အပေါ်လည်းအခကြေးငွေယူတာမရှိပါဘူး"လို့ကိုအောင်ကိုဝင်းကပြောပါတယ်။

Related posts

Cover
ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိသဖြင့် နှာခေါင်းစည်းတပ်ရန် တိုက်တွန်း
Feb 24, 2026
Cover
ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၄ ဦး လျှော်ကြေး ဘတ် ၁ သန်းကျော်ရရှိမည်
Feb 24, 2026
Cover
ထိုင်းရောက် CDM ဝန်ထမ်းများကို CI စာအုပ် ထုတ်မပေး
Feb 24, 2026
Cover
လမ်းလျှောက်နေစဉ် ကားဖြင့် တိုက်ခံရပြီး ဆုံးပါးသွားသည့် မြန်မာလုပ်သား အတွက် နစ်နာကြေး ဘတ်၁သန်းရရှိ
Feb 24, 2026
Cover
ဂျပန်သို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဆိုကာ ငွေလိမ်သွားသူကို ထိုင်းမှာပြန်တွေ့၍ မြန်မာသံရုံးသို့ တိုင်ကြားပြီး ငွေပြန်တောင်း
Feb 23, 2026
Cover
ဘန်ကောက်တွင် ဆေးစစ်ပြီး ပြန်လာသည့် မြန်မာလုပ်သားများစီးလာသည့် ကားမှောက်၊ မြန်မာလုပ်သားများ အပါ ၉ ဦး ဒဏ်ရာရ
Feb 23, 2026
Cover
မလေးရှားသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၂၅ဦး အဖမ်းခံရ
Feb 23, 2026
Cover
ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၃သိန်းကျော်အတွက် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးကာလ မတ်လအထိ ရက်တိုးမြှင့်ပေး
Feb 21, 2026