NEWS

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သားမိသားစုထိုင်းအစိုးရထီ ဘတ် ၆ သန်းဆု ဆွတ်ခူး

CoverLogo
392 Views
 
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း ခွင် တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံနှစ်ဦးဟာ ထိုင်းအစိုးရ ထီ ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ဘတ် ၆ သန်းဆု ဆွတ်ခူးခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၂၁၃၃၈၈ ဂဏန်းနဲ့ ဘတ် ၆ သန်းဆုပေါက်ပြီး ကံထူးရှင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ထီဆုကြီး ကံထူးခဲ့တဲ့ မြန်မာလုပ်သားဇနီးမောင်နှံဟာ ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက အလုပ်ကပြန်လာချိန် ၎င်းတို့ရဲ့ သားလေးကို ထီလက်မှတ်သွားဝယ်ခိုင်းရာမှ ၎င်း ထီလက်မှတ်ကနေ ဘတ် ၆ သန်းဆုပေါက် တာဖြစ်တယ်လို့ သိရပါတယ်။
ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦးဟာ ဆုငွေထုတ်ယူရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ် ကိုရဲမင်းအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံတဲ့ အတွက် MHAC ရုံးအဖွဲ့က မေလ ၆ ရက်နေ့မှာ နေ့ချင်းပြီးဆုငွေထုတ်ယူပေးခဲ့ပြီး ကာ ယကံရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ဝယ်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့အနေဖြင့် ထိုင်းအစိုးရထီရဲ့ အမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက်တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အခုအကြိမ်အပါအဝင် ဆုငွေထုတ်ယူရာမှာလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ရာ မှာ နှစ်စောင်တွဲ ကံထူးရှင် (၇) ဦး အပါအဝင် ကံထူးရှင် (၅၇) ဦးအထိ ရှိပြီဖြစ်တယ်လို့သိရပါတယ်။

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026