NEWS

ထိုင်းစက်ရုံပိုင်ရှင် လုပ်အားခမပေးဘဲ မြန်မာလုပ်သားများအား ဖမ်းဆီးခိုင်း၊ ထိုင်းရဲမှ ပြန်လွှတ်ပေး

CoverLogo
426 Views
 
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ပရာ့ပရဒဲင်မြို့မှာ မြန်မာလုပ်သား ၁၈ ဦး ကို ဆေးဘဲဥစက်ရုံပိုင်ရှင် တရုတ်လူမျိုး က လုပ်အားခ မပေးလိုတာကြောင့် ထိုင်းရဲတွေခေါ် ပြီး ဖမ်းဆီးခိုင်းခဲ့တယ်လို မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲဆီက သိရပါတယ်။
မြန်မာလုပ်သားတွေမှာ ဇန်နဝါရီလကနေ မေလအထိ လစာ ၅ လ မရဘဲ စားစရိတ် အတွက် ငွေအနည်းငယ်သာ ထုတ်ပေးတာခဲ့လို့ လုပ်ခ ရှင်းပေးဖိုပြောခဲ့ရာကနေ မေလ၁၇ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့ဆီ ပိုင်ရှင်ဖြစ်သူက ဖုန်းဆက်ပြီး ဖမ်းဆီးခိုင်းခဲ့တာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဝင်တွေက မြန်မာလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင် သွားပြီး ရဲစခန်းမှာ မြန်မာလုပ်သားတွေက လုပ်ခလစာ မပေးတဲ့ ဖြစ်စဉ်ကို ရှင်းပြမှ မဖမ်းဆီးတော့ဘဲ ပြန်လွှတ် ပေးခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။
"ထိုင်းရဲတွေက အကုန်ပြန်လွှတ်ပေးတယ် ။ လုပ်အားခကို ရအောင် တောင်း ၊ မပေးရင် အလုပ်သမားရုံး ကို တိုင်၊ မြန်မာသံရုံးကို အကူညီတောင်းလို့ ပြောတယ်။"လို့ မြန်မာ အလုပ်သမားတစ်ဦးက ပြောပါ တယ်။
စက်ရုံပိုင်ရှင်က လုပ်ခလစာ မပေးတဲ့အပြင် အလုပ်သမားတွေကို ဖမ်းခိုင်းခဲ့တဲ့ အတွက် အလုပ်သမားတွေက ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို ထိုင်းရောက် မြန်မာအလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့ဆီ ဆက်သွယ် ခဲ့တာလို့ သိရပါတယ်။
M.H.A.C မဟာမိတ်အဖွဲက လည်း လုပ်ခလစာများ ပြန်လည်ရရှိဖို့ ထိုင်းဥပဒေနှင့်အညီ သက်ဆိုင်ရာ အလုပ်သမားဖြေရှင်းရေးဌာနတွေနဲ့ ပူးပေါင်းပြီး တရုတ်လူမျိုး စက်ရုံပိုင်ရှင်ကို အမှုဖွင့်တိုင်ကြားဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
 

Related posts

Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026