NEWS

ထိုင်းကို အထောက်အထားမဲ့ ဝင်ရောက်သည့်   မြန်မာအလုပ်သမား ၃၀ ကျော် အဖမ်းခံရ

CoverLogo
391 Views

ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်ဖို့ အတွက်  နယ်စပ်ဖြတ်ကျော် လာတဲ့ မြန်မာအလုပ်သမား ၃၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရသိရပါတယ်။ 

 

မေလ ၂ရက်  ညနေ ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ အလုပ်လုပ်ကိုင်ဖို့ အတွက် ဟင်းသီးဟင်းရွက်ကားပေါ် ပုန်းအောင်းလိုက်လာတဲ့ မြန်မာအလုပ်သမား ၄ ဦး ကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် မေလ ၂ရက် ည ၁၁နာရီ အတွင်းမှာ မြ၀တီဘက်ခြမ်းမှ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၉ ယောက်ကို ထိုင်း နယ်ခြားစောင့်တပ် က   တာ့ခ်ခရိုင်၊ ဖုပ်ဖရခရိုင်ခွဲ ဟွိုင်နမ်နက်ရွာအနီး မှာ ဖမ်းဆီးခဲ့ တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 

 

အဖမ်းခံခဲ့ရတဲ့ မြန်မာလုပ်သား ၃၀ ကျော်ဟာ ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်ရန်  တရားမဝင်နယ်စပ်ဖြတ်ကျော်နိုင် ဖို့ အတွက် ပို့ဆောင်ပေးတဲ့ ပွဲစားဆိုသူကို လုပ်သားတစ်ဦး လျှင်  ထိုင်းဘတ်ငွေ ၁၅၀၀၀မှ ၂၀၀၀၀ ဘတ် ပေးဆောင်ရတယ်လို့ သိရပါတယ်။ 

 

လက်ရှိမှာ မြန်မာလုပ်သား၄ဦး ကိုတော့ မဲဆောက်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန က ဖမ်းဆီးထိန်းသိမ်းထားကာ မြန်မာလုပ်သား ၂၉ဦးကိုတော့ ဖုပ်ဖရ ရဲစခန်း တွင်  အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်ကလည်း ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၅၀ခန့် အဖမ်းခံခဲ့ရပါသေးတယ်လို့သိရပါတယ်။ 

 

Ref:Addy Chaiyadech 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026