NEWS

ထိုင်းကတရားမဝင်အလုပ်သမားတွေကို နေထိုင်ခွင့်အထောက်အထားလက်မှတ် ထုတ်ပေးမည်

CoverLogo
818 Views

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံစတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ထိုင်းအစိုးရက နေထိုင်ခွင့် အထောက်အထားလက်မှတ် ပန်းရောင်ကတ်ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

 

"အထောက်အထားမဲ့တွေကို ထိုင်းအစိုးရက တရားဝင်ကတ်တွေလုပ်ပေးမယ်လို့ မနေ့က ကဘိနက်အစည်းအဝေးမှာ သဘောတူညီမှုရထားပါတယ်။ ဘယ်နေ့ ဘယ်ချိန် ဘယ်လောက်ကုန်ကျမယ်ဆိုတာကိုတော့ တရား၀င် ကြေညာမထားသေးပါဘူး။ ထိုကြောင့် ဘတ်ကတ်လုပ်ဖို့ ငွေကြိုတင်ပေးထားမျိုး၊ ကိုယ်လုပ်မယ့်ပွဲစားကိုလဲ နေရာအတည်တကျရှိ၊ မရှိ ဘယ်သူ ဘယ်ဝါဆိုတာ သေချာလေ့လာပြီးမှ အလုပ်အပ်ကြပါ။ဘာကြောင့်လဲဆိုတော့ ဘတ်ကတ်သစ်ရိုက်ပေးတဲ့အချိန်တိုင်း ငွေယူပြီးထွက်ပြေးတဲ့ပွဲစားတွေ လိမ်တဲ့တစ်နပ်စားပွဲတွေ ပေါ်ပေါ်လာတတ်ပါတယ်" လို့ ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

 

အခုပြုလုပ်ပေးမယ့် နေထိုင်ခွင့်အထောက်အထား ပန်းရောင်ကတ်ဟာတရားမဝင်လမ်းကနေ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားများနဲ့ နေထိုင်ခွင့်အထောက်အထားစာရွက်စာတမ်းတွေပြုလုပ်ထားပေမယ့် သက်တမ်းကုန်သွားတဲ့ အလုပ်သမားများ အပါအဝင် MoU သက်တမ်းကုန်နေတဲ့ အလုပ်သမားများအတွက် ပြုလုပ်ပေးမှာလို့သိရပါတယ်။ 

 

အဆိုပါနေထိုင်ခွင့်ပန်းရောင်ကတ်လက်မှတ်ပြုလုပ်ကြမဲ့ အလုပ်သမားတွေအနေနဲ့ ယခု ဇူလိုင် လ ၁၅ ရက်နေ့ကစပြီး လကုန်၃၁ရက်အထိ သက်ဆိုင်ရာနယ်မြေအလိုက် အလုပ်သမားရုံးတွေမှာ အမည်စာရင်းတင်သွင်းထားကြဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာ နက အသိပေးထုတ်ပြန်ထားပါတယ်။

 

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အဲဒီလိုထုတ်ပြန်ထားပေမဲ့ ပန်းရောင်ကတ် လက်မှတ်ရဲ့ ကုန်ကျစရိတ်နဲ့ လက်မှတ်​ထုတ်ပေးမဲ့ရက်ကို အတိအလင်းထည့်သွင်းမထားတာကြောင့် ပွဲစားတွေရဲ့ငွေကြေးလိမ်လည်မှုတွေနဲ့ အမြတ်ထုတ်မှုတွေ ရှိလာနိုင်တယ်လို့လည်း အလုပ်သမားရေးကူညီဆောင်ရွက်သူများကသတိပေးပြောဆိုထားပါတယ်။ 

 

ဘတ်အသစ်ပြုလုပ်ရန်နဲ့အမည်စာရင်းတင်သွင်းရမဲ့ အလုပ်သမားများကထိုင်းတွင် တရားမဝင်နေထိုင်တဲ့ 

ဗီဇာအိုဗာစတေး နေထိုင်သူများ ၊ 

အလုပ်လုပ်ခွင့် ပါမက်သက်တမ်းတိုးမမှီသူများ ၊

ကျဲ့အော့သက်တမ်းကုန်ဆုံးသူများ၊

စာအုပ်သက်တမ်းကုန်သူများ၊ 

အသက် ၁၈ နှစ်ပြည့်ပြီး တရားမဝင် လာကြပြီးအထောက်အထားမရှိသူများ စသူတို့က နယ်မြေအလိုက် အလုပ်ကိုင်ဦးစီးဌာနထံအရေးကြီးသည့် အချက်များနှင့် လမ်းညွှန်ချက်များ ကို ခရိုင်အုပ်ချုပ်ရေးမှူး

အားလုံးထံတင်သွင်းရမှာဖြစ်ပြိး အလုပ်ပါမစ်မပါဘဲ အလုပ်ရှင်ထံ အရင်ဝင်လုပ်ခွင့်ရှိပြီးအလုပ်ရှင်က အလုပ်သမားများ ငှားရမ်းခြင်းအတွက် လိုအပ်တဲ့အမည်စာရင်းနှင့်အလုပ်သမား ဓာတ်ပုံကို အလုပ်အကိုင်ဦးစီးဌာနသို့ ယခုလ(၇ )လပိုင်း ၃၁ရက် နေ့နောက်ဆုံးထား၍ တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

အဆိုပါလုပ်ငန်းစဉ်ဟာ ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြေညာချက်မူကြမ်းနှင့် အလုပ်သမား ဝန်ကြီးဌာန၏ ကြေညာချက်မူကြမ်း ကြေညာချက်ထုတ်ပြန်မှသာ အသက်ဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

#MyanmarLabourNews 

Photo-ZZM

အထောက်အထားကတ်ပြုလုပ်ရန်ကနဦးစာရင်းပေးသွင်းစဥ်။


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026