NEWS

ထိုင်းက အခြေခံလုပ်ခလစာတိုးမြှင့်ရေး မြန်မာလုပ်သားများအတွက် မျော်လင့်ချက်ရှိနိုင်မလား။

CoverLogo
858 Views

ထိုင်းနိုင်ငံမှာ အဆမတန်မြင့်နေတဲ့ ကုန်ဈေးနှုန်းပြသနာ၊ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး ပြောင်းလဲတဲ့အစီအစဉ်နဲ့ နိုင်ငံတွင်း ဆင်းရဲမွဲတေမှုပြသနာကိုဖြေရှင်းဖို့  လုပ်သားသင့်မြတ်ရေးကော်မတီ၊ အစိုးရ၊ ပုဂ္ဂလိကဖက်ဆက်လုပ်ငန်းကော်မတီတို့ လက်တွဲပြီး  ဇန်နဝါရီလ ၂၆ ရက်က  ထိုင်းအစိုးရကို  အခြေခံလုပ်အားခ တိုးမြှင့်ပေးဖို့  အဆိုပြု တင်သွင်းထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာတွေ တိုးမြှင့်ဖို့ စီစဉ်နေပေမယ့်၊ အဲဒီအစီအစဉ်ဟာ ကြာမြင့်နိုင်ပြီး မြန်မာလုပ်သားတွေအတွက်လည်း အများကြီးမျှော်လင့်လို့ မရဘူးလို့ ဆိုပါတယ်။

"အလုပ်သမားရေးဝန်ကြီးဌာနက ဆိုပေမယ့်သူတို့ လွှတ်တော်မှာမဲခွဲရမှာ ရယ် ၊ ပြီးတော့ ဒီက အလုပ်ရှင် တွေက အခုလို လွတ်လွတ်လပ်လပ် လုပ်မရတာတွေနဲ့ ကရော ဒီကိစ္စကိုလက်ခံပါ့မလားဆိုတွေလဲ စဥ်းစား ရမှာပေါ့" လို့  မြန်မာလုပ်သားအရေး လုပ်ဆောင်နေသူတစ်ဦးက သုံးသပ်ပါတယ်။

"ထိုင်းရဲ့ထုံးစံကတော့ တောင်းရင်တောင်းတဲ့အတိုင်း လုပ်ပေးတဲ့ အစဥ်အလာတော့မရှိခဲ့ဘူး။ အရင်က လည်း အခုရနေတဲ့ လုပ်ခလစာကို ဒေသအလိုက်ရဖို့ ထိုင်းအလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်း တောင်းဆို ခဲ့လို့ ရတာပါ။ ခုလည်း မရဘူးတော့မဆိုလိုပါဘူး။ အထိုက်အလျောက်တော့ တိုးမြှင့် လာပါ လိမ့်မယ်" လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူ ဦးအောင်ကျော် (MWRN)က MLNကို ပြောပါတယ်။

အခြေခံလုပ်အားခကို ၄၉၂ ဘတ်ထားရှိဖို့ လျာထားပြီ  အတည်ပြုတဲ့ အခါ လျာထားတဲ့ပမာဏ အနည်း အများ ကွာဟမှု ရှိနိုင်တယ်လို့ သိရပါတယ်။  ဒါပေမယ့် လုပ်ခတိုးမြင့်ပေးဖို့ အတွက် အခြေခံ လုပ်အားခကို ပြန်လည်ညှိနှိုင်းဖို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။  

မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေလည်း ထိုင်းလုပ်သားတွေအတိုင်း လုပ်ခလစာ တိုးမြင့်ရရှိဖို့ကတော့ ကြာဦးမယ်လို့  မြန်မာလုပ်သားအရေးလုပ်ကိုင်သူက ပြောပါတယ်။

"ကြာအုံးမယ်လို့ပဲ သုံးသပ်ရမှာ။ မြန်မာ MOU လုပ်သားတွေကို ဘယ်အစိုးရက တာဝန်ခံပေးမှာလဲပေါ့။ ဒါမျိုးတွေလည်းရှိတော့ ရတော့ရလာမယ်၊ ဒါပေမယ့် အများကြီးမျှော်လင့်ထားလို့ မရဘူးပဲပြောချင်တယ်" လို့  ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က စာရင်းတွေအရဆို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား သန်းဂဏန်းအထိရှိနေပြီး မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း အခြေအနေတွေအရ ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းလုပ်သားတွေ အများအပြား သွားရောက်ကြပေမယ့် မကြာခဏ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ 
 


Related posts

Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025
Cover
Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ
Nov 15, 2025
Cover
Win Land အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ
Nov 15, 2025
Cover
Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း
Nov 15, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ
Nov 13, 2025
Cover
Long Pine Co.,Ltd အထည်ချုပ် ခွင့်ရက် မပေးဘဲ အလုပ်ထုတ်
Nov 12, 2025
Cover
FUANLAI Laos စက်ရုံလျော်ကြေးတောင်းဆိုမှု မြန်မာသံရုံး ဖြေရှင်း မပေး
Nov 10, 2025
Cover
Everlao အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားများအား ခွဲခြားဆက်ဆံနေ
Nov 10, 2025