NEWS

ထိုင်း-မြန်မာရွေ့ပြောင်းအလုပ်သမားအရေးတွေ့ဆုံမေးမြန်းခြင်း။

CoverLogo
1.3K Views

Myanmar Labour News
နိုဝင်ဘာ ၈

"ကျတော်ပြောချင်တာက နိုင်ငံထဲမှာကစစ်အုပ်စုကမင်းမဲ့သလို့လုပ်နေတော့ လူငယ်တွေကပြေးလာကြတာပေါ့။ ဒီမှာလဲသူ့ဥပဒေနဲ့သူဆိုတော့အဖမ်းခံရကုန်တာပဲ ဘယ်အခြေအနေကြောင့်ပဲလာချင်လာချင်ကိုယ့်အားကိုယ်ကိုးကြပါလို့မှာချင်တယ်"ဦးအောင်ကျော်(ထိုင်းနိုင်င်ဆိုင်ရာမြန်မာရွှေ့ပြောင်းအလုပ်သမားရေးကွန်ယက်-MWRN)ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်။

နိုဝင်ဘာ ၇ ရက်နေ့တရက်ထဲမှာပဲ မြန်မာမှာအာဏာသိမ်းစစ်အုပ်စုကြောင့်တိုင်းပြည်ဖရိုဖရဲဖြစ်ပြီး အလုပ်အကိုင်ရှားပါးလာတွေကြောင့်နယ်စပ်ဖြတ်ကျော်ပြီးထိုင်းနိုင်ကံမှာရရာအလုပ်လုပ်ဖို့စွန့်စားထွက်ခွာလာကြတဲ့လုပ်သားဦးရေ ၂၀၀ ကျော်ကိုထိုင်းနယ်ခြားစောင့်တပ်တွေကကော့သောင်း-ရနောင်းနယ်စပ်နဲ့နယ်စပ်ဂိတ်အသီးသီးမှာဖမ်းဆီးလိုက်ပါတယ်။

"ထွက်လာကြတာတော့နိုင်ငံထဲမှာနှိပ်စက်ညှဥ်းပန်းမှု့နဲ့မတရားလုပ်တာတွေကြောင့်ရယ် အလုပ်ရှားပါးလာတာရယ်ကြောင့်ပေါ့လေ ကျွန်တော် တော်လှန်ရေးမစခင်တုန်းကတော့ပြောလေ့ပြောထရှိပါတယ် MOUနဲ့သာတရားဝင်လာကြဖို့ အဲ့ဒါမှလဲစိတ်ချရမယ်ဆိုပြီးတော့လေခုတော့သေချာစိစစ်ပြီးလုပ်ဖို့ပဲပြောချင်တယ်"လို့ ဦးအောင်ကျော်က လက်ရှိရွှေ့ပြောင်းလုပ်သားကိစ္စနဲ့ပတ်သက်ပြီး Myanmar Labour News ကိုပြောပါတယ်။

ဒီကာလမှာပဲထိုင်းအစိုးရက
ကိုဗစ်ကပ်ရောဂါကာလစည်းမျဥ်းတွေအပြင်နယ်စပ်ဆိုင်ရာလုံခြုံရေးကိုပါတိုးမြှင့်လိုက်တဲ့အတွက်မြန်မာအလုပ်သမားတွေဖမ်းဆီးအရေးယူခံရတာမြင့်တက်လာပါတယ်။

ဒီကိစ္စကိုNUGအစိုးနဲ့ထိုင်းနိုင်ငံကမြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေပူးပေါင်းဆောင်ရွက်နေကြပါတယ်။

"တရားဝင်မဟုတ်ပေမယ့်ထိုင်းဝန်ကြီးဌာနအသီးသီးကိုစာပို့ပြီးဒီကိစ္စတွေဖြေရှင်းနိုင်အောင်လုပ်နေပါတယ်အတော်လဲတောင့်နေတယ်လို့ပြောလို့ရပါတယ်ဘယ်အတိုင်းအတာအထိရှိနေပြီလဲဆိုတာတော့ထုတ်ဖော်ပြောလို့မရသေးတဲ့အခြေအနေပါကျတော်တို့အကုန်ပူးပေါင်းပြီးလုပ်နေပါတယ်"လို့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ပြသနာကိုအမျိုးသားညီညွတ်ရေးအစိုးရကဘယ်လိုဖြေရှင်းပေးဖို့ဆောင်ရွက်နေလဲဆိုတဲ့အမေးကိုဦးအောင်ကျော်ကဆက်ဖြေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအရေးကိုတရားဝင်ကူညီပေးနိုင်ဖို့ထိုင်းအစိုးရရဲ့တရားဝင်အသိအမှတ်ပြုဖို့လိုကိစ္စရပ်တွေရှိနေပါသေးတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေဖွံ့ဖြိုးတိုးတက်ရေးသာမကနိုင်ငံတွင်းပြန်လည်အခြေချတဲ့အခါမှာရပ်တည်ရေးအတွက်NUGရဲ့အလုပ်သမားရေးဝန်ကြီးဌာနကစီမံကိန်းတွေရေးဆွဲနေတယ်လို့လဲသိရပါတယ်။

မြန်မာ့တော်လှန်ရေးအခြေအနေနဲ့ပတ်သက်ပြီးဆက်လက်မေးမြန်းတဲ့အခါမှာတော့"ကျွန်တော်တို့တုန်းကခတ်မမှီတော့ ရန်သူပြောတာအမှန်ဖြစ်ကုန်တာဒီခတ်မှာတော့ခလေးတွေရဲ့ကြိုးစားမှု့နဲ့ရောနည်းပညာရေးဆိုတော့ဒီပွဲကနိုင်မှာပါ"လို့ဦးအောင်ကျော်ကဖြေပါတယ်။

ပြီးတော့ပြည်တွင်းအခြေအနေတွေကြောင့်တရားမဝင်လာဖို့ကြိုးစားနေသူတွေကိုစိတ်ချရတဲ့နည်းနဲ့သာဆောင်ရွက်ကြဖို့သူကတိုက်တွန်းပါတယ်။

ဘာပဲပြောပြောပြည်တွင်းစစ်အငွေ့အသက်၊ နိုင်ငံတွင်းအလုပ်အကိုင်ရှားပါးမှု့၊ စစ်ဘေးရှောင်ကိစ္စတွေကြောင့်ထိုင်းနိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံတွေကိုမြန်မာနိုင်ငံသားတွေပြောင်းရွှေ့ခိုလုံမှု့ကဆက်လက်မြင့်တက်လာဖွယ်ရှိနေပါတယ်။

K-Zin(တွေ့ဆုံမေးမြန်း)
#MyanmarLabourNews
#Interview
#မြန်မာရွှေ့ပြောင်းလုပ်သား


Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026