NEWS

ထိုင်း မီးကြိုးစက်ရုံ မှ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၅၁ ဦး အတွက်နစ်နာကြေး ဘတ်၁သန်းကျော်ရရှိ

CoverLogo
432 Views
 
ထိုင်းနိုင်ငံ ၊ ချွန်ပူလီခရိုင် ၊ ဘော်ထောင်းမြို့မှာရှိတဲ့ (မီးကြိုးစက်ရုံ)မှ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၅၁ဦး အတွက် နစ်နာကြေး ဘတ်၁သန်းကျော် ရရှိ တယ်လို့ ၎င်းလုပ်သားအရေးကူညီပေးနေတဲ့ (WAG)အလုပ်သမားမဟာမိတ်ထံမှ သိရပါတယ်။
 
၎င်းစက်ရုံ တွင်အလုပ်လုပ်နေတဲ့ လုပ်သက်၃နှစ်ခန့်ရှိ (MOU/Name list)ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား အမျိုးသား၊အမျိုးသမီး ၅၁ဦး ကို ၂၀၂၅ခုနှစ် ဇွန်လ၂၅ရက် တွင် စက်ရုံ သို့ စစ်ဆေးရေး ဝင်စစ်ခံထိပီး စက်ရုံမှပိတ်သိမ်းရမယ်ဆိုကာ အလုပ်ဖြုတ်လိုက်တာဖြစ်ပါတယ်။
 
ဒါကြောင့် အလုပ်သမားတွေ သက်တမ်းတိုးရမည့်ကိစ္စနဲ့ နစ်နာကြေးရရှိရေး အတွက် (WAG)အလုပ်သမားမဟာမိတ်ထံ အကူအညီတောင်းခံလာသဖြင့် ဇူလိုင် ၂၂ ရက် က (WAG)အဖွဲ့သားများက အလုပ်သမားတွေနဲ့အတူ နယ်မြေခံ ဆာဝါဒီကန်ရုံးသို့ သွားရောက်ကူညီတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
 
အခုလိုတိုင်ကြားတာကြောင့် နိုဝင်ဘာ၁၂ရက်မှာ စက်ရုံဘက်မှ အလုပ်သမားများကို နစ်နာကြေး ၁ဦးကို ဘတ် ၂၀၀၀၀ နဲ့ ၅၁ဦးစာအတွက် ၁၀၂၀၀၀၀ ဘတ် ကို ဆဝါဒီကန်ရုံးနှင့်WAG. အဖွဲ့သားများရှေ့တွင် လာရောက်ပေးဆောင်ခဲ့ပြီး ဗီဇာသက်တမ်းတိုးပြီးသည်ထိ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026