NEWS

ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ

CoverLogo
281 Views
 
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းအနီး ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသားတွေအပါအဝင် စီးနင်းလိုက်ပါလာတဲ့ ကုန်တင်သင်္ဘော ၃ထပ်ယာဥ်တစ်စီး မီးလောင်မှုမှာ မြန်မာလူငယ် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ပျောက်ဆုံးနေသူမှာချစ်နိုင်အောင် (ခ) ဝက်ကြီးဖြစ်ပြီး၊ စူရတ်မှာဘတ်လာလုပ်ရင်းအပြန်မှာ သင်္ဘောမီးလောင်နေချိန် ရေထဲခုန်ချပြီး ပျောက် ဆုံး နေတာကြောင့် လူပျောက်ကိစ္စကို သတင်းပေးပြီးတိုင်ချက်ဖွင့်ထားတယ်လို့သိရပါတယ်။
 
"ကိုဝက်ကြီးပျောက်နေတယ်။ သူကမြိတ်မြို့သား စူလတ်မှာဘတ်သွားလုပ်ပြီးအပြန် သင်္ဘောမီးလောင်လို့ ရေထဲခုန်ချလိုက်တယ်။ ရိုက်ထားတဲ့ Video တွေလဲ သူ့ကိုတွေ့ရသေးတယ်။ သူပျောက်နေတယ်။
 
 နောက်ထပ် အမျိုးသမီးတစ်ဦးလဲ ပျောက်နေတယ်လို့ကြားတယ်"လို့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။
အဆိုပါသင်္ဘောဟာ ဧပြီ ၃ ရက်နေ့ ညနေပိုင်းမှာ စူရတ်ဌာနီမြို့ကနေ စထွက်ခွာလာခဲ့တာဖြစ်ပြီး၊ ကော့ဖငန်းမြို့နယ် လိပ်ကျွန်းကို ဧပြီ၄ရက်နေ့ နံနက်ခင်းအချိန် ကမ်းဆိုက်ဖို့ထွက်ခွာလာရာ ကော့ဖငန်းမြို့နယ်လိပ်ကျွန်းကို မရောက်ခင်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။
 
မီးလောင်မှုဖြစ်ပွားတဲ့သင်္ဘောပေါ်မှာတော့ မြန်မာနိုင်ငံသားများအပါအဝင် ထိုင်းနဲ့နိုင်ငံခြားသားများအပါ ခရီးသွား ၉၇ ဦး၊ လှေဝန်ထမ်း ၁၁ ဦးလိုက်ပါခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့က အားလုံးကို ထိခိုက်မှုမရှိ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သတင်းတွေဖော်ပြထားပေမဲ့ မြန်မာအချို့ပျောက်ဆုံးနေဆဲဖြစ်တယ်ဆိုတာ ကာယကံရှင်မိသားစုနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

Related posts

Cover
ပဲလှော်ကြား ဆားညှပ်ရသည့် လာအိုရောက် မြန်မာလုပ်သမားများ
May 31, 2025
Cover
တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၇၀၀ကျော်စေလွှတ်ထား
May 29, 2025
Cover
YUN NANXIN JLAHAO အထည်ချုပ် အချိန်ပိုကြေးများ ဖြတ်တောက်နေ
May 27, 2025
Cover
ရဲခေါ်ဖမ်းခိုင်းသည့် အလုပ်ရှင် မြန်မာလုပ်သား များအား ဘတ် လေးသိန်းကျော် ပြန်ပေး
May 27, 2025
Cover
အိုမန်မှပေးစာ - ၄
May 27, 2025
Cover
အိုမန်မှပေးစာ - ၃
May 27, 2025
Cover
မလေးရှားတွင် မြန်မာလုပ်သား၂၀၀ကျော် အဖမ်းခံရ
May 27, 2025
Cover
လာအို PF ဖိနပ်စက်ရုံ နှစ်ပြည့်ပိတ်ရက် မပေးဘဲ ခိုင်းစေ၊ နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်း
May 23, 2025