NEWS

ထိုင်း MOU အလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကို ရန်ကုန်မြို့ မြောက်ဒဂုံအလုပ်သမားရုံးမှာသာ ချုပ်ဆိုရန်သတ်မှတ်ထား

CoverLogo
1.5K Views

ထိုင်းနိုင်ငံ ကို MOU စနစ်နဲ့ သွား ရောက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမား တွေ ချုပ်ဆိုရတဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို ယခင်လို တိုင်းနှင့်ပြည်နယ် အလိုက် သွားရောက် မချုပ်ဆိုရတော့ဘဲ ရန်ကုန်မြို့ရှိ မြောက်ဒဂုံ အလုပ်သမားသင်တန်းကျောင်း မှာ သာချုပ်ဆိုရမယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာက ၁ရက်က စပြီး အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်သမားများနေထိုင်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ချုပ်ဆိုခွင့်ပြုရာမှ အချိန်ကုန်သက်သာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုတည်းတွင် ချုပ်ဆိုခြင်းကို စက်တင်ဘာ ၁၁ ရက်က စတင်ခွင့်ပြုခဲ့တာလို့သိရပါတယ်။

"အခုလို ရန်ကုန်မှာပဲ စာချုပ် ပြန်ချုပ်ရမယ် ဆိုတော့ ထိုင်းကိုသွားမယ့်ကလေးတွေရော အေဂျင်စီတွေရော အဆင်ပြေသွားတယ် လိုင်စင်ရအေဂျင်စီတွေ က ရန်ကုန်မှာပဲ အများဆုံးရှိတာ အဲ့တော့ သူတို့ ရန်ကုန်ကိုလာရမှာပဲ အခုလို စာချုပ်ချုပ်တာပါ ရန်ကုန် မြောက်ဒဂုံ ရုံး မှာပဲ ချုပ်ရမယ်ဆိုတော့အချိန်ကုန်သက်သာသွားတယ် အဆင်ပြေသွားတာပေါ့""လို့ ထိုင်းနိုင်ငံကိုလုပ်သားစေလွှတ်နေတဲ့ ပြည်ပအကျိုးဆောင်လိုင်စင်ရအေဂျင်စီတစ်ခုမှတာဝန်ရှိသူတစ်ဦးထံကသိရပါတယ်။

အဆိုပါ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် ကို ၂၀၂၃ ခုနှစ်သြဂုတ်လ ၃၁ရက် အထိ သာ တိုင်းနဲ့ ပြည်နယ်အလိုက် ချုပ်ဆိုခွင့် ပြုထားပြီး၂၀၂၃ခုနှစ် စက်တင်ဘာ၁ရက် က စပြီး ဦးစီးဌာန ကို တင်ပြထားတဲ့ အလုပ်ခေါ်စာတွေ ကို ရန်ကုန်မြို့ရှိ မြောက်ဒဂုံ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုတည်းတွင် ချုပ်ဆိုခွင့်ပြုတော့မည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံအကြောင်းကြားစာပေးပို့ထားတာကို သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026