NEWS

တော်၀င်သစ်အချောထည်စက်ရုံက အလုပ်သမားကိုဥပဒေအမဲ့လုပ်ထုတ်မှုထပ်မံကျူးလွန်

CoverLogo
723 Views

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ  တော်၀င်သစ်အချောထည်စက်ရုံမှာ လုပ်သက်ရင့် အလုပ်သမားတစ်ဦးကို  ဥပဒေမဲ့အလုပ်ထုတ်မှုထပ်မံကျူးလွန်ထားတယ်လို့  စုံစမ်းသိရှိရပါတယ်။  

ပြီးခဲ့တဲ့နှစ်လခန့်က  အဆိုပါတော်ဝင်သစ်စက် မှ လုပ်သက်ရင့်ဝန်ထမ်းတဦးကို အလုပ်ထုတ်နစ်နာကြေးမပေးဘဲ အလုပ်မှရပ်နားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်လကဖြစ်ပွားခဲ့တာဖြစ်ပေမဲ့  နစ်နာသူအအလုပ်သမားက ယခုချိန်မှအသိပေးထုတ်ဖော်ပြောဆိုလာတာဖြစ်သလို ယင်းအလုပ်သမားက တော်ဝင်သစ်စက်မှာဘဲလက်သမားရာထူးနဲ့ လုပ်ကိုင်ရင်း ခြေထောက်ထိခိုက်ကာစတီးချောင်းသွင်းထားရသူဖြစ်တာကြောင့် ၂၀၂၁ခုနှစ် မတ်လမှာ လုံခြုံရေးအဖြစ်  ပြန်လည်တာဝန်ပေးခဲ့စဉ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။  

“တော်၀င်သစ်စက်ကကိစ္စက ခုချိန်ထိရုံးကမခေါ်သေးဘူး။ မစစ်ပေးသေးဘူး။ ရုံးကိုတိုင်ထားတုန်းပဲရှိသေးတယ်။  အနိမ့်ဆုံးလုပ်ခလစာမရတာကိုလည်း  မစစ်ပေးသေးဘူး။  အလုပ်ထုတ်ခံရတဲ့ကိစ္စကိုလည်း လျော်ကြေးမပေး သေးဘူး။ အလုပ်သမားဘက်က တရားမဆွဲသေးဘူး။ တိုင်ထားတာပဲရှိသေးတယ်။  တရားရုံးကိုတန်းပြီးတရား ဆွဲလိုက်ရင် ပလပ်ခံလိုက်ရမှာဆိုးလို့။  လုပ်ခလစာကိုမေးကြည့်လိုက်တော့လည်း လစာက ၁၃၀၀၀၀ ပဲရတယ်ဆိုတော့  အနိမ့်ဆုံးလုပ်ခလစာနဲ့မမီတဲ့အခါကျတော့ ဒါကလက်ခံပေးလို့မရဘူး။  ကျန်တဲ့အလုပ်သမားတွေရော ဘယ်လိုတယ်တော့မသိဘူး။ ဝါးတစ်ရာစက်မှုဇုန် သစ်အချောစက်ရုံ ၂၂ ရပ်ကွက် အရင်တုန်းကဆို အလုပ်သမားသမဂ္ဂတွေကိုဖြိုတာ ရိုက်တာနှက်တာ ဦးကိုကိုထွေးသာသေသွားတယ်။  ဒီအတိုင်းပဲ။   ခုဟာကအလုပ်သမားကတိုင်ထားတာပဲရှိသေးတယ်။” လို့အဲ့ဒီအလုပ်သမားကို  ကူညီဆောင်ရွက်ပေးနေသူက  ဆိုပါတယ်။
   
အဲ့ဒီအလုပ်ထုတ်ခံရတဲ့  အလုပ်သမားဟာ  အနည်းဆုံးအခကြေးငွေ ၄၈၀၀ကျပ်နှုန်းလည်းမရသလို  လစာကို ၁၃၀၀၀၀ ကျပ်ဘဲပေးထားတာကြောင့်  ခုချိန်ထိအလုပ်သမားတွေ အနည်းဆုံးအခကြေးငွေမရဘဲအလုပ်လုပ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။  

၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းက  အဆိုပါတော်၀င်သစ်အချောထည်စက်ရုံဟာ အလုပ်သမားများနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့စက်ရုံလည်းဖြစ်ပါတယ်။  

စက်ရုံတွင်းအလုပ်သမားများက ဆန္ဒပြတောင်းဆိုမှုတွေ  သပိတ်မှောက်တာတွေဖြစ်ပွားခဲ့ပြီး  စက်ရုံလုပ်ငန်းခွင်အတွင်း  ၀င်ခွင့်မရခဲ့တဲ့အလုပ်သမား၂၀၀ကျော်က ဒါရိုက်တာနဲ့တွေ့ဆုံစကားပြောနိုင်ဖို့  စက်ရုံတွင်း၀င်ရောက်စဉ် အလုပ်ရှင်ရဲ့၀န်ထမ်းများနဲ့ ပဋိပက္ခများဖြစ်ပွားလို့ အလုပ်သမားများဒဏ်ရာရရှိကာ  အလုပ်သမားတစ်ဦးကဒဏ်ရာစိုးရိမ်ရတာကြောင့် ဆေးရုံတက်ကုသခံယူလိုက်ရသလို အလုပ်သမားများလည်း ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026