NEWS

တောင်းဆိုမှု ဖြစ်ပွားနေသည့် JOC အထည်ချုပ် စက်ရုံတွင် သုံးရေနှင့် လျှပ်စစ်မီး ဖြတ်တောက်၊ NO Work , NO Pay ဆိုပြီး ခြိမ်းခြောက် ကြေညာ

CoverLogo
129 Views
 
JOC (COSTEC) အထည်ချုပ်စက်ရုံမှာ တောင်းဆိုမှုတွေ ဖြစ်ပွားပြီး ညှိနှိုင်းတဲ့ ကာလအတွင်း NO Work , NO Pay ဆိုပြီး ခြိမ်းခြောက် ကြေညာထား တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီနေ့ ၇ ရက်နေ့မှာ စက်ရုံက ကြေညာထားတယ်။ အလုပ်မလုပ်ရင် လုပ်ခ မပေးဘူးဆိုပြီး ခြိမ်းခြောက်လာတယ်။ စက်ရုံထဲမှာ ဘာမှ မဖြစ်သလိုဘဲ။ အလုပ် လုပ်ဖို့ ဘာကုန်ကြမ်းမှလည်း မရှိဘူး။ အခုတော့ သုံးရေနဲ့ လျှပ်စစ်မီးတွေ ဖြတ်ထားပြီ။ ” လို့ ပြောပါတယ်။
 
လုပ်ခတိုးမြှင့်ရေးတောင်းဆိုမှုအတွက် ညှိနှိုင်းမှုတွေကို မြို့နယ် အလုပ်သမားရုံးမှာ ဆက်လက်ပြုနေစဉ် ဒီ အခြေအနေတွေ ဖြစ်လာတာပါ။ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ စက်ရုံအတွင်းက စက်ပစ္စည်းတွေက လွဲပြိး အထည်တွေနဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကို လုပ်ငန်းရှင်ဘက်က ပြောင်းရွှေ့ခဲ့ပါတယ်။
 
“စက်ရုံရဲ့ လုပ်ခ သတ်မှတ်ချက်တွေက မမျှတဘူး ဖြစ်နေတယ်။ ပေးတာယူက ကျွေးတာစား ပုံစံမျိုး။ တခြား အလုပ်ရုံတွေလို ၁၂၀၀၀ ရဖို့။ အလုပ်သမားတွေ အရမ်း အလုပ်လုပ်ရတယ်။ ဂရိတ်ကြေးမှာ နာရီအလိုက်နဲ့ အထည်ရာခိုင်နှုန်းအလိုက် ဆုကြေးပုံစံမျိုး ထည့်ထားတာ။ လစာအများနဲ့ တန်းတူရဖို့ဆို အလုပ်သမားတွေ ဖိအားအများကြီးနဲ့ အလုပ် လုပ်ရတယ်။” လို့ ပြောပါတယ်။
 
ဒီဇင်ဘာလအတွက် လုပ်လစာ ရှင်းတမ်း မှာ တောင်ဆိုမှုပြုလုပ်တဲ့ ရက်တွေအတွက် လုပ်ခလစာ ဖြတ်တောက် ထားတဲ့ အပြင် အလုပ်သမားတွေ နားလည်မလွယ်တဲ့ အလုပ်ချိန်နာရီတွေနဲ့ တွက်ချက်ထားတာကိုလည်း Myanmar Labour News က တွေ့ရပါတယ်။
 
“ ညီမတို့ လစာကို နားမလည်ဘူး။ ရာနှုန်းပြည့် အလုပ်ချိန်နာရီက ၂၄၈ နာရီဖြစ်ရမှာ ဘာလို့ ၂၁၈ နာရီ ဖြစ်တာလဲ။ ဒါက အမှန်ဆို စက်ရုံက လုပ်ခတွေအပေါ် ခေါင်းပုံဖြတ်တာဖြစ်နေပြီ။ အခုတောင်းဆိုတဲ့ နေ့ရက် တွေထဲက ပိတ်ရက်အတွက်ပဲ ရက်မှန်ကြေးပေးဆိုပြီးလုပ်ထားတယ်။ “ လို့ ပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့ လပိုင်းမှာ COSTEC အထည်ချုပ်စက်ရုံအမည်ကနေ JOC လို ပြောင်းလဲခဲ့ပြီး LC Wakiki ၊ X Shelter ၊ ZERO STAGE နဲ့ Colopuca စတဲ့ အမှတ် တံဆိပ်တွေ ချုပ်လုပ်ခဲ့တာလို အလုပ်သမားတွေက ပြောပါတယ်။ လုပ်ခလစာတိုးမြှင့်ပေးဖို့ စက်ရုံလုပ်ငန်းခွင် တောင်းဆိုမှုတွေကို ဒီဇင်ဘာ ၂၉ ရက် နေ့လည် ၂ နာရီမှာ စတင်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
JOC အထည်ချုပ်စက်ရုံက ရန်ကုန်မြို၊ ရွှေပြည်သာစက်မှူဇုန်(၃)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026