NEWS

တောင်ကိုရီးယား နိုင်ငံသို့ မြန်မာလုပ်သားသစ် ၁၄၇ ဦးစေလွှတ်

CoverLogo
540 Views
 
တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သားသစ် ၁၄၇ဦးကို ဖေဖေါ်ဝါရီ၁၂ရက်နေ့က ထပ်မံ စေလွှတ်ခဲ့တယ်လို့ ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာလုပ်သားသစ် ၁၄၇ ဦး တွင်
ကုန်ထုတ်လုပ်ငန်း အတွက် လုပ်သား၁၂၉ဦး၊သစ်တောလုပ်ငန်းအတွက် ၁၉ဦး၊ ဆောက်လုပ်ရေးလုပ်ငန်း အတွက်လုပ်သား၈ဦး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ခုနှစ် အတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမားသစ်စေလွှတ် မှု မှာ လက်ရှိ အကြိမ်မှာ ဒုတိယအကြိမ် ဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်က ပထမအကြိမ် အဖြစ် မြန်မာအလုပ်သမားသစ် ၁၄၄ဦး စေလွှတ်ခဲ့ကြောင်းသိရပါတယ်။
တောင်ကိုရီးယားနိုင်ငံအနေနဲ့ယခုနှစ် အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသာအလုပ်သမား၂၀၀၀၀ကျော် ခေါ်ဖို့ရှိတယ်လို့ ကိုရီးယားသတင်းတွေအရသိရပါတယ်။
မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို နှစ်စဉ်လုပ်သား ၁၀၀၀၀ ခန့် စေလွှတ်နေတာ ဖြစ်ပြီး ကိုရီးယားနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၇၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026