NEWS

တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်

CoverLogo
137 Views
 
“၀"ဒေသ မှာ ရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခလစာ ကို လုပ်ငန်းရှင်တွေအနေနဲ့ တရုတ်နှစ်သစ်ကူး မတိုင်မီ အကုန်ရှင်းပေး ဖို့ "ဝ" ပြည်နယ် တရားစီရင်ရေးကော်မတီ - WSP က ထုတ်ပြန်ထားပါတယ်။
 
လုပ်ငန်းရှင်တွေ ဘက်မှ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခလစာ မပေးတာတွေရ လုပ်အားခ နောက်ကျမှ ပေးတာတွေ ရသင့်တဲ့ လုပ်အားခ အပြည့်အ၀ မပေးတာတွေ “၀"ဒေသ မှာ မကြာခဏ ဖြစ်ပွားနေတဲ့ အတွက် လာမယ့် ဖေဖေါ်ဝါရီ လမှာ ကျရောက်မယ့် တရုတ် နှစ်သစ်ကူးပွဲတော် မတိုင်မီ အပြီး ပေးထားဖို့ WSP က အခုလို ထုတ်ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ နှစ်သစ်ကူးပွဲတော် မတိုင်မီ အလုပ်သမားတွေရဲ့ လုပ်အားခ​တွေကို ပြီးစီးအောင် ဖြေရှင်းပေးရမှာဖြစ်ပြီး ဘယ်လိုအကြောင်းပြချက်ဖြင့် ဖြစ်စေ ၊ အကြမ်းဖက်မှုဖြင့် အလုပ်သမားရဲ့ လုပ်ခလစာမပေးတာ ၊ လုပ်အားခကို ဖြတ်တောက်တာ ၊ နောက်ကျ‌မှပေးတာ တွေ မပြုလုပ်ကြဖို့နဲ့ လုပ်ငန်းရှင် များ စည်ကမ်းချိုးဖောက်ပါက တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
 
အကယ်၍ ရွှေ့ပြောင်းလုပ်သားများရဲ့ လုပ်ခလစာကြောင့် အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက် ပါက အလုပ်သမား များရဲ့ စုစုပေါင်း ပမာဏရဲ့ ၃၀ရာခိုင်နှုန်းဒဏ်ကြေးချမှတ် မှာ ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ အရေးယူသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
“၀"ဒေသ တွင် သတ္ထုလုပ်ငန်း အများဆုံး ရှိပြီး တရုတ်လုပ်ငန်းရှင် များ အများဆုံးဖြစ်သလို ပြည်တွင်း ရွှေ့ပြောင်း လုပ်သားတွေ အများဆုံး လာရောက် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ - ရန်ကုန်မြို့လသာမြို့နယ်မှ တရုတ်နှစ်သစ်ကူးအကြိုကာလမြင်ကွင်း (ဆင်ဟွာ)

Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026