NEWS

တရုတ်ငွေဈေးဆက်တိုက်မြင့်တက်လာပြီး အလုပ်သမားတွေခေါင်းပုံဖြတ်ခံနေရ

CoverLogo
1.6K Views

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တရုတ်- မြန်မာနယ်စပ်ဒေသမှာ  တရုတ်ငွေဈေးဆက်တိုက်မြင့်တက်လာလို့  တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာအလုပ်သမားတွေအပေါ် ယွမ်ဖြင့်ကျပ်လဲယူမှုကြုံနေကြရလို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံက  သိရပါတယ်။ 

ဩဂုတ်(၂၀)ရက်မွန်းလွဲပိုင်းအချိန်အထိ တရုတ်ငွေယွမ် (၁၀၀) လျှင် မြန်မာငွေကျပ်(၈၄၅၀၀)အထိ ဖြစ်လာခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်​ငွေယွမ်(၁၀၀)တရုတ်​ငွေယွမ် ၈၈၀၀၀ အထိဆက်တိုက်မြင့်တက်ခဲ့တာဖြစ်ပြိး မူဆယ်မြို့မှာလည်းတရုတ်လုပ်ငန်းရှင်တွေ ကမြန်မာအလုပ်သမားတွေကို  ယခင်ပေးနေကျ ယွမ်အစားမြန်မာငွေ နဲ့သာ ဈေးဖြတ်ပေးချေလာတာလို့ သိရပါတယ်။

တရုတ်ပြည်အတွင်း ရင်ကျန်း၊ ရွှေလီ၊ ကျန်းဖုန်း၊ မန်စီစတဲ့နေရာက  စက်ရုံတွေမှာလည်း တရုတ်ငွေအစားမြန်မာကျပ်ငွေကိုသာပေးချေလာသလို မြန်မာကျပ် တစ်သိန်းလျှင် ယွမ် ၁၆၀ နဲ့လဲပေးနေရတာတွေကိုပါ အလုပ်သမားတွေတွေ့ကြုံနေရတယ်လို့သိရပါတယ်။  

"တရုတ်ငွေဈေးတွေကောင်းနေတာကို ကျွန်မတို့အားသွင်းကြိုးစက်ရုံက ၁၆၀ ယွမ်ကိုတစ်သိန်းနဲ့လဲနေရပါတယ်ရှင့်။ နားလည်သိတတ်သူတွေ ကူညီပေးကြပါအုံး ။ မြန်မာတွေသိသိနဲ့ခံနေကြရတာပါ" လို့ စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

အဆိုပါနေရာတွေရဲ့ သြဂုတ်လ ၁၀ ရက်နေ့ငွေပေါက်ဈေးအရ  မြန်မာတစ်သိန်းလျှင် တရုတ်ယွမ် ၁၃၀ မှ ၁၄၀ အထိသာရှိနေတာဖြစ်ပေမဲ့ မန်စီမှာရှိတဲ့နားကြပ်စက်ရုံက မြန်မာအလုပ်သမားတွေကတော့ မြန်မာငွေတစ်သိန်းလျှင် ယွမ်၁၆ဝဖြင့် လဲ ပေးနေရတာကြောင့် အလုပ်သမားတွေနစ်နာနေရတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလိုကျပ်ငွေနဲ့ယွမ် လဲလှယ်ဖြတ်တောက်မှုတွေက သြဂုတ်လငွေစျေးမြင့်တင်ချိန်ကစပြီး ဖြစ်လာခဲ့ပြီး ယခုလက်ရှိသြဂုတ်၂၀ ရက်အထိ အချို့သောစက်ရုံတွေက ခေါင်းပုံဖြတ်နေကြဆဲဖြစ်သလို အချို့စက်ရုံတွေကတော့ ပေါက်စျေးအတိုင်းရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

နိုင်ငံခြားငွေကြေးဈေးကွက်အရ  တရုတ်ငွေယွမ်ပေါက်ဈေးဟာ ယခု ဩဂုတ်လ ၁ ရက်မှာ တရုတ်ယွမ် (၁၀၀) လျှင် ကျပ်ငွေ (၆၉,၅၀၀) ရှိနေခဲ့ရာကနေ သြဂုတ်၈ရက်နေ့နံနက်ပိုင်းတွင် ယွမ် (၁၀၀)လျှင် မြန်မာကျပ်ငွေ (၇၃,၀၀၀)ကျပ်ရှိနေရာမှာ ညနေပိုင်းတွင် (၇၅,၀၀၀) ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သလို သြဂုတ်၉ရက်မှာတော့ ယွမ် ၁၀၀ လျှင်  မြန်မာငွေ ၇၈၀၀၀  ကနေ  ၈၂၀၀၀ အထိဆက်တိုက်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

သြဂုတ် ၁၈ ရက်မှာတော့ ယွမ်၁၀၀ လျှင်မြန်မာငွေ ၈၅၀၀၀ ကျပ်မှ ၈၈၀၀၀ ကျပ်အထိမြင့်တက်လာခဲ့ပြီး ၁၉ ရက်မှာတော့ ၈၅၀၀၀ ပြန်လည်ဖြစ်ကာ ယနေ့ဩဂုတ်၂၀ရက်မှာတော့ တရုတ်ငွေယွမ် ၁၀၀ လျှင် ၈၄၅၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။ 

အဆိုပါအလုပ်သမားတွေဟာ တရုတ်ငွေဈေးမြင့်တက်လာခြင်းနှင့်အတူ ကုန်ဈေးနှုန်းများလည်း မြင့်တက်လာခြင်းကြောင့် လုပ်ခလစာအဖြစ်တစ်လလျှင် ယွမ် ၁၅၀၀ ရရှိရာကနေ  ပေါက်ဈေးအတိုင်း ပေချေခြင်းမပြုဘဲ တစ်လလျှင် ၉ သိန်းမှ ၁၃သိန်းအထိ မြန်မာကျပ်ငွေဖြင့် လုပ်ခပေး ချေလာတာကြောင့်  ကုန်ဈေးနှုန်းအရ  လုံလောက်မှုမရှိဘဲ အခက်အခဲကြုံလာရတဲ့အပြင် တရုတ်လုပ်ငန်းရှင်များက လုပ်အားခ ကျပ်ငွေဖြင့်သာ ရှင်းလာသောကြောင့် စားဝတ်နေရေးအခက်ကြုံနေရမှုများပါ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026