NEWS

တရုတ် ကို မြန်မာ လုပ်သား တရားဝင်စေလွှတ်မှုစတင်

CoverLogo
529 Views

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ပြည်နယ် ကို တရားဝင် မြန်မာ အလုပ်သမား စေလွှတ်မှု စတင်နေပြီလို့ လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။

ဇွန်လ ထဲ မှာ တင်  အထည်ချုပ် လုပ်ငန်း အတွက်အယောက်  ၉၀ခန့် စတင် စေလွှတ်ခဲ့ ပြီး အချို့ လုပ်ငန်းမကျွမ်းကျင်တဲ့ အတွက် အဆင်မပြေတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"တရုတ်ကို စတင် စေလွှတ်နေပြီ လေကြောင်းနဲ့ပဲ ပို့တာ၊ စက်ချုပ် နဲ့ လွှတ်လိုက်တာ အမျိုးသမီး လုပ်သားတွေ များတယ် ဒါပေမယ့် ဘာ အဆင်မပြေလဲ ဆိုတော့ ဒီဘက် မှာ စာချုပ်သင်တန်း ၁ လ လောက် တက်ပြီး သွားတဲ့ သူတွေ တပတ်လောက် တက် ပြီး သွားတဲ့ သူတွေ ဟိုဘက်ရောက်တော့  အဆင်မပြေဘူး ဒီဘက် မှာ အထည်ချုပ်စက်ရုံ တွေ မှာ တကယ် လုပ်နေတဲ့ သူတွေ စက်ချုပ်ကျွမ်းကျင်တဲ့သူတွေ က အဆင်ပြေတယ်"လို့ အေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် တရုတ်ပြည်မ ထဲ မဟုတ်ဘဲ တယ်ဟုန် ပြည်နယ် တစ်ခု ထဲ ကိုသာ လုပ်သား စေလွှတ်ရတဲ့ အတွက် တရုတ်ဘက်က ဗီဇာ ပေးဖို့အခက်ခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"တရုတ်ပြည်မ ထဲ က နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက် ရှိတာ မဟုတ်ဘူးလေ အခု လိုတာက တယ်ဟုန်ပြည်နယ် တစ်ခုထဲ ဆိုတော့ သူတို့ ဘက်က အလုပ်သမား ဗီဇာ မပေးချင်ဘူး ဖြစ်နေတယ်၊ အခု ပို့လိုက်တဲ့ သူတွေက business visa နဲ့ လျှောက်ပြီး သွားကျတာ ဟိုဘက်ရောက် မှ  work permit ကတ်ပေးတာ အဲ့လိုဆိုတော့ အေဂျင်စီ တွေ အနေနဲ့  ဆက်ပြီး လုပ်သားစေလွှတ်ဖို့ အတွက် ကိုအခြေနေစောင့်ကြည့်နေရတာ"လို့
အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လုပ်အား ခ အနေနဲ့ နေစရိတ်စားစရိတ် ငြိမ်း ဖြင့်တစ် လကို တရုတ်ငွေ ယွမ်၁၂၀၀မှ ၂၀၀၀ခန့်ရရှိတယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံ ကို မူဆယ် မှ တစ်ဆင့် ယာယီဖြတ်သန်းခွင့်လက်မှတ် တွေ နဲ့ ရက်သတ္တပတ် ခန့်  နေထိုင် ပြီး သွားရောက် အလုပ် လုပ်ကိုင်တာသာရှိပြီး  တရားဝင် မြန်မာ အလုပ်သမား စေလွှတ်တာ ကတော့ ယခု မှ စတင်တာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026