NEWS

တရားဝင်ရုံးပိတ်ရက်တွေမှာ အစားထိုးဆင်းခိုင်းတာတွေရှိနေလို့ OneTea စက်ရုံလုပ်သားတွေအခက်ကြုံ

CoverLogo
1.8K Views

ရန်ကုန်မြို့ ဇေကမ္ဘာဝင်းအတွင်းရှိ ဝမ်းတီးကော်ဖီမစ် စက်ရုံမှာဗုံးလန့်မှု့ဖြစ်ပွားပြီးတဲ့နောက်ယခင်ကအလုပ်သမားများကို့ ဖြတ်တောက်ထားတဲ့အချိန်ပိုကြေးများပြန်ပေးနေသော်လည်း အနိုင်ကျင့်စေခိုင်းတာတွေ ဆက်လက်ရှိနေတယ်လို့စက်ရုံလုပ်သားတွေကဆိုပါတယ်။

"အိုတီ ကြေးများကို ယခင်အတိုင်းပြန်ပေးသော်လည်း အိုတီ ချိန်များလျော့ချကာ လုပ်ငန်းအထိခိုက်မခံပဲ အနိုင်ကျင့်စေခိုင်းနေမှုများကတော့ ရပ်တန့်မသွားပါဘူး"လို့စက်ရုံလုပ်သားတဦးကပြောပါတယ်။

အဆိုပါစက်ရုံမှာယခင်ရက်ပိုင်းအတွင်းတရားဝင်ရုံးပိတ်ရက်များအတွက် အစားထိုးဆင်းခိုင်းတာတွေရှိနေပြီးအချိန်ပိုကြေးပေးရမယ့်ရက်တွေကိုမပေးဘဲ ရက်အစားထိုးဆင်ခိုင်းတာတွေရှိနေတာလို့စက်ရုံလုပ်သားတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။

"HR ၏ ဒီဇင်ဘာ ၂၇ ရက်နေ့  , တနလ်ာနေ့ အစည်းအဝေးတွင် ၁ လပိုင်း ၂၊ ၃၊ ၄ ,ကိုသုံးရက်ပိတ်ပေးမည်ဖြစ်ပြီး ကြားရက် ၃ရက်နေ့ တနလ်ာနေ့အစား တရားဝင်ရုံးပိတ်ရက် ဒီဇင်ဘာ ၃၁  , သောကြာနေ့ကို  ရက်အစားဆင်းပေးရမည်ဟုပြောဆိုပါတယ်၊ ရိုးရိုးကြားရက်များကို ပိတ်ချင်သလိုပိတ်ပြီး otကြေးပေးရမည့်ရက်များကို ot မပေးပဲ ရက်အစားယူပြီး အာဏာပြကာ အနိုင်ကျင့်ဖိနှိပ်နေပါတယ်၊"လို့စက်ရုံလုပ်သားတဦးကဆိုပါတယ်။

One tea စက်ရုံမှာရန်ကုန်မြို့ မဂ်လာဒုံမြို့နယ်ဇေကမ္ဘာဝင်း ၁၁လမ်းထဲမှာ Consumer Goods Myanmar Limited အမည်ဖြင့် နို့စိမ်းနို့ဆီနဲ့ကော်ဖီမစ်များထုတ်လုပ်နေတဲ့ကုမ္ပဏီတခုဖြစ်ပြီး ယခင်နှစ်ဒီဇင်ဘာလထဲမှာလဲလုပ်သားတွေရဲ့လစာတွေ၊ အချိန်ပိုကြေးတွေခေါင်းပုံဖြတ်တာတွေပြုလုပ်ခဲ့တယ်လို့လုပ်သားတွေက MLN ရင်ဖွင့်စာပေးပို့ခဲ့ပါသေးတယ်။
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026